*********************************************
ကမ္ဘာ့ပထမဦးဆုံး scanner ပူးတွဲပါဝင်သော 3D printer ထွက်ရှိ
*********************************************
ကမ္ဘာ့ပထမဦးဆုံး scanner ပူးတွဲပါဝင်သော 3D printer သည်
အရာဝတ္ထုများကိုပါ ပုံရိပ်ဖမ်းယူနိုင်မည်ဖြစ်ပြီး အမေရိကန်
အဆင့်မြင့်သိပ္ပံအဖွဲ့အစည်း (AAAS) ၏ နှစ်ပတ်လည်
တွေ့ဆုံပွဲ San Jose, California တွင် ပွဲထုတ်ခဲ့ပါသည်။
Blacksmith အုပ်စုဟာ ပြီးခဲ့တဲ့စနေနေ့ (၂၁-၂-၁၅) က
နန်ယန်းနည်းပညာတက္ကသိုလ် (NTU) မှာ အသုံးပြုသူ
လွယ်လင့်တကူလုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များစုစည်း
ပါဝင်သည့်ပစ္စည်းတစ်ခုအနေဖြင့် မိတ်ဆက်ပြသကာ
Blacksmith Genesis ဟု အမည်ခေါ်ဝေါ်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ၂၂၀၀ တန်တဲ့ပစ္စည်းဟာ အသုံးပြုသူတွေကို
မည်သည့်အရာဝတ္ထုကိုမဆို ပုံရိပ်ဖမ်းယူနိုင်စေမှာဖြစ်ပြီး
ကွန်ပျူတာမှ ပြန်လည်ပြင်ဆင်တည်းဖြတ်ကာ 3D ရုပ်ကြွပုံဖြင့်
ထုဆစ်ပုံဖော်ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ NTU ဆက်သွယ်ရေး
အဖွဲ့၏ လက်ထောက်မန်နေဂျာ Lester Kok မှ ဆင်ဟွာသတင်း
ဌာနကို တနင်္ဂနွေနေ့(၂၂-၂-၁၅) က ပြောဆိုခဲ့ပါတယ်။
လက်ရှိဈေးကွက်မှာ 3D ရုပ်ကြွပုံဖော်စက်တွေဟာ အသုံးပြုသူ
လွယ်လင့်တကူဖြစ်နိုင်မှု နည်းပါးသေးကာ ပုံဖော်ထုဆစ်နိုင်မှုဟာ
ကွန်ပျူတာတွင် ရေးဆွဲထားသော ဒီဇိုင်းများကိုသာ ထုဆစ်ပေးနိုင်
ရုံပဲရှိသေးကာ Kok မှ Blacksmith Genesis ဟာ
ရုပ်ကြွပုံဖော်ဆော့ဖ်ဝဲလ်နဲ့ပက်သက်ပြီး သိရှိထားဖို့တောင်
မလိုအပ်ဘူးလို့ ဆိုပါတယ်။
အခြားသော 3D ရုပ်ကြွပုံဖော်စက်တွေနဲ့ မတူတဲ့အချက်က
Blacksmith Genesis ဟာ ဆန်းသစ်တဲ့ လည်ပတ်မှုနည်းပညာကို
အခြေပြုထားတဲ့ ပုံနှိပ်ခြင်းနဲ့ ပုံရိပ်ဖမ်းခြင်းကို အသုံးပြုထားတာပါ။
ဤ လည်ပတ်မှုနည်းပညာဟာ တကယ့်ကို ၃၆၀ ဒီဂရီအထိ
ပုံရိပ်ဖမ်းနိုင်စေပြီး ရုပ်ကြွပုံဖော်ထုဆစ်ရာမှာလည်း ၆၆၅၀
ကုဗစင်တီမီတာအထိ ထုဆစ်ပေးနိုင်တာဟာ ဈေးကွက်မှာရှိတဲ့
အခြားသော 3D ရုပ်ကြွပုံဖော်စက်တွေထက် ၂ ဆ ပိုမိုလုပ်ဆောင်
နိုင်တာပါ။
၅၀ မိုက်ကရိုမီတာထိကောင်းမွန်သော ပုံအရည်အသွေးဖြင့်
ပြန်လည်ထုဆစ်နိုင်ခြင်းဟာလည်း အခြားသော
3D ရုပ်ကြွပုံဖော်စက်တွေထက် အနုစိပ်ပုံဖော်နိုင်ခြင်းပါ။
အရာဝတ္ထုတွေကို ၅ မီဂါပစ်ဇယ်ဖြင့် ပုံရိပ်ဖမ်းယူမှုဟာလည်း
၆ မိနစ်မျှသာကြာခြင်းသည်ပင်လည်း အခြားစက်များထက်
၂ ဆထက်ပိုမြန်နေပါတယ်။
Blacksmith Genesis၏ အခြားသော တမူထူးသည့်လုပ်ဆောင်
ချက်မှာ အဝေးမှ တိုက်ရိုက်ထိန်းချုပ်ကာ အလိုအလျောက်
အမှားရှာဖွေခြင်းကို ပါဝင်တပ်ဆင်ထားသော ကင်မရာကို
သုံး၍ လုပ်ဆောင်နိုင်ခြင်းပင်ဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ
ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းစဉ်ကို မိမိတို့ရဲ့ smartphone က
တဆင့် မည်သည့်နေရာကမဆို အင်တာနက်ချိတ်ဆက်ကာ
ကြည့်ရှုနေနိုင်ပြီး ပုံဖော်ထုဆစ်မှု စတင်ခြင်း နှင့် ရပ်တန့်ခြင်းကို
လည်း ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။
အများပြည်သူလက်လှမ်းမီတဲ့ တန်ဖိုးနည်3းD ရုပ်ကြွပုံဖော်စက်တွေ
ရှိနေပေမယ့် အစီအစဉ်တကျဖြစ်ဖို့ နဲ့ တပ်ဆင်ဖို့ခက်ခဲနေပါ
သေးတယ်။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်ကာ
သုံးရ လွယ်ကူစေတဲ့ 3D ရုပ်ကြွပုံဖော်စက်ကို ဈေးကွက်က လိုအပ်
နေချိန်မှာ Blacksmith အုပ်စုက လိုအပ်ချက်ကို ဖြည့်ဆည်း
ပေးနိုင်ပါလိမ့်မယ့်လို့ Blacksmith အုပ်စုရဲ့ ပဲ့ကိုင်ရှင်
ချူချီကွေ့ က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
scanner ပူးတွဲပါဝင်သော 3D printer ကို စင်္ကာပူနိုင်ငံမှာ
လူထုရန်ပုံငွေအစည်းအရုံး၏ အထောက်အပံ့ဖြင့် တီထွင်ဖန်တီး
ခဲ့ကာ ဒေါ်လာ ၈ သောင်းကျော်အထိရရှိခဲ့ပြီး အမေရိကန်
အထောက်အပံ့ဖြင့် လာမည့် မတ်လတွင် ထုတ်လုပ်ဖြန့်ချီ
နိုင်မည်ဟု ခန့်မှန်းရပါသည်။
Business Standard
