Monday, July 27, 2015

အထူးစီးပွားရေးဇုန်

******************
အထူးစီးပွားရေးဇုန်
[ဒေါက်တာသာထွန်းဦး]
******************


ကမ္ဘာမှာ တရုတ်နိုင်ငံဟာ အအောင်မြင်ဆုံး စီးပွားရေးဇုန်ကို
ပိုင်ဆိုင်ထားပြီး အိန္ဒိယနိုင်ငံမှာတော့ အကြီးမားဆုံး အထူးစီးပွားရေး
ဇုန်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ ပထ၀ီအနေအထားအရ
ဒီနိုင်ငံကြီး နှစ်ခုကြားမှာရှိနေတဲ့ မြန်မာနိုင်ငံမှာလည်း ကျောက်ဖြူ၊
သီလ၀ါ၊ ထားဝယ်ဆိုတဲ့ အထူးစီးပွားရေးဇုန်တွေ(Special
Economic Zone- SEZ) တွေကို အကောင်အထည်ဖော်နေပါတယ်။
SEZ တွေဟာ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်
စေတယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲခေါ်နိုင်စွမ်းရှိတယ်၊
နည်းပညာပိုင်းဆိုင်ရာနဲ့ ကမ္ဘာလုံးဆိုင်ရာဈေးကွက် အတွေ့အကြုံ
တွေကို ရစေတယ်၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာ
ကို ဖန်တီးပေးနိုင်တယ်၊ လူတစ်ဦးချင်းစီရဲ့ ၀င်ငွေတွေ တိုးတက်
လာစေသလို စီးပွားရေးလုပ်ငန်းပုံစံတွေ ပြောင်းလဲတိုးပွားလာနိုင်
တယ်ဆိုတဲ့ အားသာချက်တွေရှိနေပါတယ်။ တဖက်မှာလည်း
စိုက်ပျိုးရေးအတွက် ကောင်းမွန်တဲ့မြေဆီသြဇာကြွယ်ဝတဲ့
မြေနေရာတွေကို စက်ရုံတွေ တည်ဆောက်ဖို့ သုံးလိုက်ရတယ်၊
'Sexual Harassment' လို့ ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်
နှောက်ယှက်စော်ကားတဲ့ အမှုအခင်းတွေ ဖြစ်ပွားလာစေနိုင်တယ်။
အစိုးရအတွက် အခွန်ဘဏ္ဍာဝင်ငွေ ကျဆင်းစေနိုင်တယ်ဆိုတဲ့
ဟန့်တားချက်တွေလည်း ရှိနေပြန်ပါတယ်။

SEZ အောင်မြင်ဖို့အတွက် အများပြည်သူ၊ ပုဂ္ဂလိကနဲ့ အစိုးရတို့
ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်ရပါလိမ့်မယ်။ သယံဇာတတွေကို
အကျိုးရှိရှိသုံးဖြစ်မှာလား၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ
မှန်းထားသလောက် ၀င်လာမှာလား၊ အလုပ်အကိုင်အခွင့်အလမ်း
တွေကို မှန်းထားသလို ဖန်တီးပေးနိုင်မှာလား၊ အကျိုးထက်အဆိုးက
ပိုများနေမလား ဆိုတာတွေကို ထောင့်စေ့အောင် ဆန်းစစ်သုံးသပ်
ရပါမယ်။ ချမှတ်ထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အလုပ်သမား
ဥပဒေ၊ အခွန်ဥပဒေ စတာတွေက ခိုင်မာမှု၊ ပွင့်လင်းမြင်သာမှု
ရှိရပါမယ်။

အိန္ဒိယနိုင်ငံရဲ့ SEZ ဆိုင်ရာဖြစ်ရပ်တစ်ခုကိုကြည့်ရင် အိန္ဒိယ IT
လုပ်ငန်းအများစုဟာ Non SEZ ကနေ SEZ အဖြစ်အလုံးအရင်းနဲ့
ပြောင်းရွှေ့လိုက်ကြတယ်။ SEZ ဆိုရင် အခွန်ရှောင်နိုင်တဲ့အတွက်
ကြောင့်ပါ။ အားလုံးသိရှိထားတဲ့အတိုင်း IT Industry ဟာ အိန္ဒိယရဲ့
စီးပွားရေးလုပ်ငန်းကို ကြီးစိုးဦးဆောင်ထားတာဖြစ်တော့ အစိုးအနေနဲ့
အခွန်ဘဏ္ဍာငွေမရတော့ဘဲ ဘတ်ဂျတ်လိုငွေပြပြီး နောက်ဆုံးမှာ
အသုံးစရိတ်တွေ ဖြတ်တောက်ပစ်လိုက်တာနဲ့ အဆုံးသတ်သွားပါ
တော့တယ်။ အသုံးစရိတ်ဖြတ်တောက်တယ်ဆိုရာမှာလည်း
အဓိကလူမှုရေးနဲ့ လူထုဆိုင်ရာကိစ္စတွေအတွက် ဖြစ်လေတော့
ဆင်းရဲသူတွေ ပိုဆင်းရဲတဲ့ကိန်းဆိုက်ခဲ့ရတယ်။

ဒါကြောင့် မြန်မာ SEZ  တွေအနေနဲ့ စီမံကိန်းတွေကို တစ်ဖက်က
အကောင်အထည်ဖော်ရင်း တစ်ဖက်မှာလည်း ပြင်ဆင်သင့်တာ၊
တားမြစ်သင့်တာတွေ မှန်သမျှ အခိုင်အမာ စနစ်တကျ ပြင်ဆင်ထား
ခြင်းဖြင့် သုံးဦးသုံးဖလှယ်အကျိုးရှိစေမယ့် စီးပွားရေးပုံစံသစ်တွေ
ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

CEO Magazine