Tuesday, January 27, 2015

ကမ္ဘာ့အကြီးဆုံး ခရမ်းချဉ်သီး (Gigantomo)

********************************
ကမ္ဘာ့အကြီးဆုံး ခရမ်းချဉ်သီး (Gigantomo)
********************************

ကမ္ဘာ့အကြီးဆုံး ခရမ်းချဉ်သီးဟာ မိသားစု ၄ ယောက်လောက်
စားသုံးလို့ရပြီး ဗြိတိန်မှာမိတ်ဆက်ခဲ့ပြီးသောခရမ်းချဉ်သီးသုပ် တွေထက် ၁၂ဆ ပိုမိုများပြားပါတယ်။

ဗြိတိန်နဲ့ အမေရိကန်မှာရှိတဲ့ စိုက်ပျိုးရေးပညာရှင်တွေဟာ
နှစ်ပေါင်း ၂၀ မျှ သုတေသနလုပ်ငန်းများပြုလုပ်ပြီး
သီးနှံမျိုးကွဲအသစ်များကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။

ယခုကြီးမားသော ခရမ်းချဉ်သီးကြီးဟာ ၁၀ လက်မအထိ
ကြီးထွားပြီး သာမန်ခရမ်းချဉ်သီးတွေထက် ၁၂ ဆမျှရှိပါတယ်။

ယင်းခရမ်းချဉ်သီးကြီး၏အပင်မှာ ၆ ပေအမြင့်ထိကြီးထွား
ပေါက်ရောက်ပြီး ခရမ်းချဉ်သီးကြီး ၁၁ လုံးအထိသီးနိုင်ပါတယ်။
ဒါပေမယ့် အသီးတွေရဲ့အလေးချိန်ကိုခံနိုင်ဖို့အတွက်တော့
ထောက်ကန်ပေးနိုင်မယ့်စင်တစ်ခုခုနှင့် တွဲချည်ထားဖို့တော့
လိုပါလိမ့်မယ်။

ဗြိတိန်ရဲ့ စိုက်ပျိုးရေးပညာရှင်တစ်ဦးဖြစ်တဲ့ Simon Crawford
ကို အမေရိကန်မှ ပညာရှင် Paul Thomas မှ
ကြီးမားပြီး အရသာရှိသော ခရမ်းချဉ်သီးရရှိဖို့
၁၅ နှစ်တာကြိုးပမ်းမှုကိုအပြီးသတ်လုပ်ဆောင်နိုင်ဖို့
ခေါ်ယူခဲ့ပါတယ်။

Paul Thomas ကတော့ သူ့ရဲ့ခရမ်းချဉ်သီးကြီးတွေဈေးကွက်
အတွင်းနေရာရချိန်ကို မြင်တွေ့ခွင့်မရခင် ကွယ်လွန်သွားခဲ့
ပေမယ့် Crawford ကတော့ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေနဲ့
လုံလုံလောက်လောက် စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ဖို့
ကြိုးစားနေပါတယ်။

အမေရိကန်မှာတော့ ဤကြီးမားသောခရမ်းချဉ်သီးများကို
မနှစ်ကစတင်ဖြန့်ဖြူးခဲ့ပြီဖြစ်ပါတယ်။

Business Standard

Thursday, January 15, 2015

အလုပ်ပြီးခြင်းနှင့် အလုပ်ကောင်းခြင်း

****************************
အလုပ်ပြီးခြင်းနှင့် အလုပ်ကောင်းခြင်း
[မောင်သာ]
****************************

ယနေ့ခေတ်အချိန်အခါတွင် အလုပ်လုပ်နေကြသည့်၊
အလုပ်လုပ်မည့် လူငယ်များအနေဖြင့် အလုပ်လုပ်ခြင်း၊
အလုပ်ပြီးအောင်လုပ်ခြင်းနှင့် အလုပ်ကောင်းလုပ်ခြင်း ခွဲခြား
သိရန်လိုအပ်သည်။ လက်တွေ့တွင် လူငယ်အများစုမှာ
အလုပ်လုပ်သည်ဆိုသည်မှာ နံနက်ရုံးတက်ချိန်မှ ညနေ
ရုံးဆင်းချိန်ထိသာဟု သဘောထားပြီး အလုပ်လုပ်နေကြလေသည်။
အလုပ်တာဝန်မခံခြင်း၊ ပြီးစလွယ်လုပ်ခြင်း၊ သင်ယူလေ့လာမှု
မရှိခြင်း၊ ပျင်းရိပေါ့ဆခြင်းဆို့ဖြင့် တစ်နေ့တာ
ကျော်ဖြတ်နေကြရပါသည်။ အနည်းငယ်သော လူငယ်များမှမူ
အလုပ်ချိန်ထက် အလုပ်ပြီးရန် အာရုံစူးစိုက်လေ့လာလုပ်ကိုင်
ကြသည်ကို တွေ့မြင်နိုင်လေသည်။

မကြာခဏ မေးခံရသောမေးခွန်းတစ်ခုမှာ နိုင်ငံခြားသား
ကျွမ်းကျင်သူများ (Expertriates) ငှားရမ်းလုပ်ကိုင်ခြင်း၏
အကျိုးရလာဒ်ပင်ဖြစ်ပါသည်။ နိုင်ငံခြားသားကျွမ်းကျင်သူများ
အနေဖြင့် ပရော်ဖက်ရှင်နယ် (Professional) ပီသစွာ
မိမိတတ်ကျွမ်းသည့်ပညာရပ်များကို အစွမ်းကုန်အသုံးချပြီး
သမိုင်းကောင်းရန်ရည်ရွယ်လျက်အလုပ်ကောင်းအောင်
ကြိုးစားလုပ်ကိုင်နိုင်ခြင်းဖြစ်ပါသည်။ အလုပ်ချိန်ထက် အလုပ်ကို
ဦးစားပေးကြလေသည်။ ထိုသူများ၏ ခံယူချက်မှာ
'Work Hard, Play Hard' ဆိုသည့်အတိုင်း အလုပ်လုပ်ချိန်တွင်
အားကုန်ထုတ်ကြိုးစား၍ နားချိန်တွင် အပြည့်အ၀နားတတ်
ကြသည်။

ယခင့်ယခင်အစိုးရများလက်ထက်တွင် အခြေအနေ
အကြောင်းကြောင်းကြောင့် စီးပွားရေးသမားများမှာ အလုပ်
တစ်ခုတည်းကို ပုံအောလုပ်ကိုင်ရန် ခက်ခဲခဲ့ရပါသည်။
အခြေအနေနှင့် အချိန်အခါကိုလိုက်၍ ကြက်ဥအားလုံးကို
ခြင်းတောင်းတစ်ခုတည်း မထားသင့်ခြင်း (All Eggs in One
Basket) သီအိုရီအရ အလုပ်မျိုးစုံဖြန့်ပြီး အလုပ်များစွာ
လုပ်ခဲ့ရပါသည်။ အလုပ်များများ၊ ကုမ္ပဏီများများ ဦးဆောင်
လုပ်ကိုင်ခြင်းကို ဂုဏ်ယူခဲ့ရပါသည်။

ယခုခေတ်အချိန်အခါတွင် လုပ်ပိုင်ခွင့်နှင့် ရွေးချယ်ခွင့်များ
များပြားလာခြင်း၊ နိုင်ငံတကာစီးပွားရေးပုံစံများနှင့်အညီ
လုပ်ကိုင်လာရခြင်းနှင့် ပြိုင်ဆိုင်မှုပုံစံများပြောင်းလဲလာခြင်း
တို့ကြောင့် အလုပ်များများ (Quantity) လုပ်ကိုင်ခြင်းမှ
အလုပ်ကောင်းကောင်းလုပ်ကိုင်ခြင်း (Quality) လိုအပ်လာသည်။
နာမည်ကောင်း (Goodwill) တစ်ခုတည်ဆောက်ရန်မှာ
အရည်အသွေးကောင်းမွန်သောအလုပ်များ လုပ်ပြထားမှသာ
ရေရှည်ခံသောအမှတ်တံဆိပ်၊ သို့မဟုတ် နိုင်ငံတကာကော်ပို
ရေးရှင်းများ၏ ပူးပေါင်းမှုအတွက် ကမ်းလှမ်းခြင်းခံရမည်
ဖြစ်လေသည်။

သို့ဖြစ်ရာ အောက်ခြေ၀န်ထမ်းမှသည် အလယ်အဆင့်ရှိ
မန်နေဂျာများ၊ ထိုမှတစ်ဆင့် ထိပ်ဆုံးဦးဆောင်သူများပါမကျန်
အရေအတွက် (Quantity) မှ အရည်အသွေး (Quality)အဆင့်သို့
ပြင်ဆင်လုပ်ကိုင်ထားမှသာ ၂၀၁၅ခုနှစ်အလွန်တွင်
ရပ်တည်နိုင်မည်ဖြစ်ပေသည်။

CEO Magazine