Tuesday, February 25, 2014

ကင်တပ်ကီ ကြက်ကြော် နမူနာ

**********************
ကင်တပ်ကီ ကြက်ကြော် နမူနာ
[ဆရာချစ်စံဝင်း]
**********************

ကင်တပ်ကီ ကြက်ကြော်ကို တီထွင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်းစင်ဒါ၏
စံနမူနာယူဖွယ်များကို တင်ပြလိုပါသည်။ ကာနယ်စင်ဒါသည် သူ ပင်စင်
ရယူပြီး ပင်စင်ချက်လက်မှတ်နှင့် သူပိုင်ပစ္စည်းဟူ၍ ပျက်လုပျက်ခင်
ဖြစ်နေသော စားသောက်ဆိုင်လေးမှလွဲ၍ ဘာမျှမရှိပေ။ မူလက
လမ်းမပေါ်တွင် ရှိသော်လည်း အဝေးပြေးလမ်းမကြီးကို အခြားနေရာ
သို့ ပြောင်းရွှေ့ဖောက်လုပ်လိုက်သဖြင့် သူ့ဆိုင်လေးမှာလည်း
ပိတ်လုပိတ်ခင် ဖြစ်နေရ၏။

စင်ဒါသည် သူ၏ခြံထဲမှ မွေးထားသော ကြက်များကိုကြော်ပြီး ရောင်း၍
ငွေရှာရန် စိတ်ကူးပေါ်ခဲ့၏။ သူ၏ ကြက်များသည် မျိုးကောင်းများ
ဖြစ်၍ ကြက်သားများသည် အရသာရှိ၏။ ၀ယ်စားသော ဖောက်သည်
အများအပြားက လွန်ခဲ့သော နှစ်များစွာကပင် စားကောင်းကြောင်း
ထောက်ခံချက် အများအပြား ရရှိခဲ့၏။ သူ့ထံတွင် ကြက်ကြော်နည်း
ကောင်းကောင်းတစ်ရပ်လည်း ရှိနေ၏။ မိမိကြက်ကြော်နမူနာကို
ကြိုက်ပါက ကြော်နည်းကို စားသောက်ဆိုင်များအား တင်ပြပြီး ရောင်း
ရငွေမှ ရာခိုင်နှုန်း အနည်းငယ်ကို သူ့အားပေးဖို့ ကမ်းလှမ်းရန်ဖြစ်၏။

သူသည် မိမိ၏ ကမ်းလှမ်းချက်ကို အများဆုံးလက်ခံလိမ့်မည်ဟု ယူဆ
သော စားသောက်ဆိုင်တစ်ဆိုင်သို့ သွားရောက်ကမ်းလှမ်းရာ ထိုဆိုင်
မှ တစ်ခါတည်း ပယ်ချလိုက်၏။ သူ၏ ကြက်ကြော်ကိုလည်း တစ်ခါ
တည်း ပြန်ယူသွားရန် ခါးခါးသီးသီး ပြောခဲ့၏။ ထိုသို့ ငြင်းပယ်ခံရခြင်း
သည် ပထမဆုံးအကြိမ် မဟုတ်ပါ။ ကာနယ်စင်ဒါသည် ၁၀၀၉ ကြိမ်
ငြင်းပယ်ခြင်းကို ခံခဲ့ရ၏။ သို့သော် သူသည် ခိုင်မာသော ဆုံးဖြတ်ချက်
ချထားသူဖြစ်၍ ဘ၀ခရီးကြမ်းများစွာကို လျှောက်ခဲ့ဖူးသူဖြစ်သော
ကြောင့် ကြက်ကြော် စပ်ရောင်းသော အလုပ်ကို ထပ်ကာထပ်ကာ
ကြိုးပမ်းခဲ့ရာ နောက်ဆုံး စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ၀ယ်ယူရန်
သဘောတူလိုက်ပါ၏။

ဤသို့ဖြင့် နာမည်ကျော် ကင်တပ်ကီ ကြက်ကြော် Kentucky Fried
Chicken (KFC) သည် အောင်မြင်စွာ မွေးဖွားလာခဲ့၏။ ယနေ့ကာလ
တွင် KFC ဟုဆိုပါက တစ်ကမ္ဘာလုံး သိပြီးဖြစ်၏။ KFC ကြက်ကြော်
ဆိုင်ပေါင်း ကမ္ဘာပေါ်တွင် ထောင်နှင့်သောင်းနှင့်ချီ၍ ရှိနေ၏။ အကြိမ်
ပေါင်း ၁၀၀၉ ကြိမ်တိုင် ငြင်းပယ်ခံခဲ့ရသော်လည်း ယခုအခါ ကမ္ဘာ့
ပြည်သူသန်းပေါင်း ၁၀၀၉ သန်းတို့က ကင်တပ်ကီကြက်ကြော်ကို
မြိန်ရှက်စွာ စားသုံးနေကြပါ၏။ အဖြစ်အပျက်များသည် မျိုးစုံဖြစ်
သော်လည်း ကြီးပွားချမ်းသာခြင်းဆီသို့ ခရီးနှင်ရာတွင် သွားရသည့်
ခရီးလမ်းကြောင်းသည် အခြေခံအားဖြင့် ကင်တပ်ကီကြက်ကြော်
အတိုင်းဖြစ်၏။ ကင်တပ်ကီကြက်ကြော်သည် ဇွဲ၊ လုံ့လ၊ သန္နိဌာန်
တို့၏ ကြားမှ မွေးဖွားလာခြင်းဖြစ်၏။ ထို့ကြောင့်

မဖြစ်နိုင်ပါဘူး x ၁၀၀၉ = ဖြစ်နိုင်ပါတယ်။


အခွင့်အလမ်းကို တွေ့အောင်ရှာ မိအောင်ဖမ်း

Pantone

လုပ်ငန်းနယ်ပယ်များစွာအတွက် အရောင်စနစ်တွေ နှစ်စဉ်ဖော်ဆောင်ပေး
တဲ့ ကုမ္ပဏီ Pantone က တစ်နှစ်တာအတွက် အရေးပါတဲ့အရောင်ကို
ထုတ်ပြန်လိုက်ပါတယ်။ အခု ၂၀၁၄ ခုနှစ်အတွက် ရွေးချယ်လိုက်တဲ့
အရောင်ကတော့ ရောင်စဉ်ဖြာနေတဲ့ ပန်းခရမ်းရောင် ဖြစ်ပါတယ်။
ဒီအရောင်ဟာ တီထွင်ဆန်းသစ်မှုကို ဖိတ်ခေါ်တဲ့ အရောင်ဖြစ်ပြီး ပိုမို
ကျယ်ပြန့်တီထွင်ဆန်းသစ်မှုနဲ့ ပင်ကိုဖန်တီးမှုကို အားပေးပါတယ်။
သာမန် ခရမ်းရောင်နဲ့ ဆင်တူတဲ့ဒီအရောင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု
နဲ့ နွေးထွေးမှုတို့ကိုလည်း ဖော်ကျူးပါတယ်။


CEO Magazine

စီးပွားရေးလုပ်ငန်းဆိုင်ရာ စံ

*****************
စီးပွားရေးလုပ်ငန်းဆိုင်ရာ စံ
*****************

စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ "Standard of Cooperation
Conducts" ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုစံတွေ လိုအပ်ပါတယ်။

၁။ ရိုးသားမှု (Honesty) နဲ့ သစ္စာရှိမှု (Loyalty) ရှိရပါမယ်။

၂။ အတ္တနဲ့လောဘကို ရှေ့တန်းတင်လုပ်ဆောင်မှုတွေ ရှောင်ရပါမယ်။

၃။ ကတိတည်ခြင်း (Keeping Promises) နဲ့ သဘောတူညီပြီးသား
အချက်တွေကို တိကျစွာ လိုက်နာတတ်ခြင်း ရှိရပါမယ်။

၎။ သာတူညီမျှဆက်ဆံမှု (Equality) နဲ့ ဘက်လိုက်မှုကင်းရှင်းရပါမယ်။

၅။ ကိုယ်မလုပ်ချင်၊ မလုပ်သင့်ဘူးလို့ထင်တဲ့အရာကို သူများကိုမလုပ်
ခိုင်းသင့်ပါ။ (Respect other's Right)

၆။ အပြန်အလှန်လေးစားမှုရှိရပါမယ်။ (Mutual Respect)

၇။ ဆုံးဖြတ်ချက်တွေပြုရာမှာ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု ကင်းရပါမယ်။

၈။ ခွဲခြမ်းဝေမျှရန်မဖြစ်နိုင်တဲ့အချိန်၊ ပစ္စည်း၊ ကိစ္စတွေကို မျှဝေသုံးတတ်
ရပါမယ်။ (Sharing)

၉။ ပြဌာန်းထားတဲ့တရားဥပဒေနဲ့ နည်းဥပဒေ (Rules & Regulations)
တွေကို လိုက်နာကျင့်သုံးရပါမယ်။

၁၀။ သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းအဖြေရှာမရနိုင်ပါက ပဋိပက္ခ
ဖြေရှင်းသူ (Arbitrators) တွေနဲ့ တရားရုံးတွေမှာ ဖြေရှင်းဖို့ တင်သွင်း
ပြီး ဆုံးဖြတ်မှု ခံယူတတ်ရပါမယ်။

CEO Magazine

Monday, February 24, 2014

ပြင်ဆင်မှု

********
ပြင်ဆင်မှု
[ဒေါက်တာခင်မောင်ညို]
********

မိမိရဲ့တိုးတက်ရာတိုးတက်ကြောင်းကို ရှာချင်တယ်ဆိုရင် day-tight
compartments (တစ်နေ့တာအလုံပိတ်အခန်း) မှာသာနေပါ။ မနေ့က
ဆိုတာမရှိပါဘူး။ မနေ့ကဆိုတာပြီးသွားပြီ။ နက်ဖြန်ဆိုတာလည်း
မရှိဘူး။ နက်ဖြန်ရဲ့ အခန်းအတွက်လည်း ခလုတ်မဖွင့်ပါနဲ့။ တံခါးကို
လုံလုံပိတ်ထားပါ။ ဒါဆိုရင် နက်ဖြန်အတွက် မပြင်ဆင်ရတော့ဘူးလား။
ဒီနေ့အတွက် အကောင်းဆုံးလုပ်တာဟာ နက်ဖြန်အတွက် ပြင်ဆင်
တာပဲ။ ခရစ်ယာန်တွေ ဆုတောင်းတဲ့အခါ "ကျွန်တော်တို့ကို
ယနေ့အတွက် ပေါင်မုန့်ပေးသနားပါ" လို့သာ ဆုတောင်းပါတယ်။

နက်ဖြန်အတွက် မစဉ်းစားနဲ့လို့ ဆိုလိုတာမဟုတ်ဘူး။ တကယ်တော့
နက်ဖြန်အတွက် စိတ်သောကမရောက်နဲ့လို့သာ ဆိုလိုတာဖြစ်တယ်။
နက်ဖြန်ဟာ သူ့ဘာသူလာလိမ့်မယ်။ နက်ဖြန်ကျရင် နက်ဖြန်အတွက်
အတွေးတွေပေါ်လာမှာပဲ။ ဒီအတွက် ကျွန်တော်တို့က ပူပန်နေတာမျိုး
မလုပ်ကောင်းပါဘူး။ ကျွန်တော်တို့တတွေဟာ အသက်ရှင်ပြီး
ပျော်ရွှင်စွာနေတဲ့အချိန်တွေကို ရွှေ့နေကြတယ်။

ဘယ်အခါမှ ပျော်မှာလဲ။
ကလေးလေးကပြောတယ် ကျောင်းနေမှ..တဲ့။
မူလတန်းကျောင်းသားကပြောတယ် အထက်တန်းရောက်မှ..တဲ့။
အထက်တန်းကျောင်းသားကပြောတယ် တက္ကသိုလ်ရောက်မှ..တဲ့။
တက္ကသိုလ်ကျောင်းသားကပြောတယ် အလုပ်ရမှ..တဲ့။
အလုပ်လုပ်နေတဲ့သူကပြောတယ် ရာထူးတက်မှ..တဲ့။
ဒါနဲ့ပဲ.....ဒါနဲ့ပဲ.... အငြိမ်းစားယူသွားတယ်။ နောက်တော့
သူရဲ့ဘ၀ နိဂုံးကို ရောက်သွားတယ်။

ဒီတော့ ဒီနေ့မှာပျော်လိုက်ပါ။
နက်ဖြန်အတွက် နက်ဖြန်မှာစဉ်းစားပါ။
ဒီနေ့အတွက်ကိုသာ စဉ်းစားမယ်ဆိုရင် ပျော်နိုင်ကြမှာ အမှန်ပါပဲ။

Thursday, February 20, 2014

ဆိုက်ဘာရာဇ၀တ်မှု (Cyber Crime)

***************************
ဆိုက်ဘာရာဇ၀တ်မှု (Cyber Crime)
***************************


ယနေ့တိုးတက်လာသည့် ခေတ်အခါသမယတွင် နည်းပညာ၏
အကူအညီဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး
စသည့်နယ်ပယ်များ၌ ယခင်နှင့်မတူ များစွာချဲ့ထွင်
လုပ်ဆောင်နိုင်လာပါသည်။ အထူးသဖြင့် အင်တာနက်ဟု
ခေါ်သောကမ္ဘာနှင့်ချိတ်ဆက်ထားသော ကွန်ယက်နည်းပညာ
အားဖြင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ခုအလား လွယ်ကူစွာ
ဆက်သွယ်နိုင်ခြင်းဖြင့် ပညာရပ်များ၊ အတွေ့အကြုံများအား
မျှဝေပေးနိုင်လာပါသည်။ သို့သော် အကောင်းဘက်၌
တိုးတက်မှုများရှိလာသကဲ့သို့ မကောင်းမှုများမှာလည်း
ပိုမိုလွယ်ကူစွာပေါက်ဖွားလာလျက်ရှိရာ အင်တာနက်ကို
နှစ်ဖက်ချွန်ဓားဟုပင် ဆိုရမလိုပင် အငြင်းပွားစရာဖြစ်လာပါသည်။

ကွန်ပျူတာနည်းပညာကို အသုံးပြု၍ ရာဇ၀တ်မှုဥပဒေများကို
ချိုးဖောက်ခြင်းတနည်းအားဖြင့် လုံခြုံရေးစနစ်အတွင်း
ထိုးဖောက်ဝင်ရောက်ခြင်း၊ အချက်အလက်များခိုးယူခြင်း
သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်း တို့ကဲ့သို့ ချိုးဖောက်ခြင်းကို
ဆိုက်ဘာရာဇ၀တ်မှုများဟုတ် သတ်မှတ်ထားကြပါသည်။
သတင်းအချက်အလက်နှင့် နည်းပညာသည် အဖွဲ့အစည်းများ
လူပုဂ္ဂိုလ်များ စွမ်းဆောင်နိုင်မှု နှင့် ထိထိရောက်ရောက်
လုပ်ဆောင်နိုင်မှု တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်
စတင်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော် တကိုယ်ရေအကျိုးအမြတ်
အတွက် ဖြတ်လမ်းနည်းဖြင့် လုပ်ဆောင်လာခြင်းကြောင့် ဆိုက်ဘာရာဇ၀တ်မှုများမှာ တနေ့တခြားများပြားလွှမ်းမိုးလာ
ပါတော့သည်။

ဆိုက်ဘာရာဇ၀တ်မှုများကို ကျူးလွန်လေ့ရှိသောဖြစ်ရပ်ပုံစံများမှာ

- ၀ဘ်လိပ်စာအတုအယောင်များ
အတုဟုတ်မဟုတ်ခွဲခြားရန် ခက်ခဲပြီး နာမည်ကြီး ၀ဘ်ဆိုက်များ
ပုံစံအတိုင်းပြုလုပ်ထားလေ့ရှိပါသည်။

- တရားမ၀င်ငွေကြေးလွှဲယူခြင်း
ဘဏ်အကောင့်များမှငွေကြေးခိုးယူခြင်း။

- ဘဏ်အတုအယောင်များ
တရားဝင်အွန်လိုင်းရောင်းဝယ်ခြင်းအတွက် ဘဏ်မှတဆင့်ငွေချေမှုများမှ
ဝယ်ယူသူ၏ အကြွေးဝယ်ကဒ်အချက်အလက်များခိုးယူခြင်း။

- ကြိုတင်ငွေပေးချေမှုအတုယောင်များ
ဒေါ်လာသန်းချီရနိုင်မည့်အခွင့်အရေးအတွက် ငွေကြေးအနည်းငယ်ထည့်၍
ပါဝင်နိုင်သည်ဟု ဆွဲဆောင်တောင်းခံခြင်း။

- ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်နိုင်သောဆော့ဖ်ဝဲလ်များ
ကွန်ပျူတာအတွင်းဝင်ရောက်ကာ အသုံးပြုသူ၏ အချက်အလက်များခိုးယူ
အသုံးချခြင်း။

- စတော့အိပ်ချိန်းအလိုလျောက်လည်ပတ်မှု
ကွန်ပျူတာ ပရိုဂရမ်ဖြင့် စတော့အိပ်ချိန်းတွင် ရောင်းခြင်းဝယ်ခြင်းများ
အတုအယောင်ဖန်တီး၍ ဈေးကစားခြင်း။

- မှတ်ပုံတင်သက်သေခံများခိုးယူခြင်း
လူတစ်ယောက်၊ လုပ်ငန်းတစ်ခု၏ သက်သေခံအချက်အလက်များအား
ခိုးယူ၍ အဖွဲ့အစည်းများ၊ ရင်နှီးမြှုပ်နှံမှု နှင့် ချေးငွေလုပ်ငန်းများ၌လိမ်လည်
ခြင်း။

စသည်တို့ဖြစ်ကြပါသည်။

Bookboon

HSBC

ငွေကြေးဖောင်းပွမှုကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်စည်
ဝယ်ယူမှုတွေများလာတဲ့အတွက် အာရှတစ်လွှားမှာ ရွှေဝယ်လိုအား
ဆက်လက်မြင့်တက်သွားလိမ့်မယ်လို့ HSBC ဘဏ်က ဆိုလိုက်
ပါတယ်။ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ
ရွှေထည်လက်ဝတ်လက်စား၊ ရတနာ၊ ဒင်္ဂါး စတာတွေ ၀ယ်လိုအား
က ၂၀၀၄ ခုနှစ်ကဆိုရင် တစ်ကမ္ဘာလုံးရဲ့ ၃၅ ရာခိုင်နှုန်း ရှိရာကနေ
အခုအခါ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့
ရွှေဝယ်လိုအားက  ၂၀၀၈ ခုနှစ်ကထက်စာရင် နှစ်ဆ မြင့်တက်
လာပြီး တရုတ်နိုင်ငံရဲ့ ၀ယ်လိုအားက အဆပေါင်း ၃၅၀ နီးပါး
မြင့်တက်သွားပါတယ်။ ငွေကြေးဖောင်းပွမှု၊ ဘဏ်တွေကနေ
အတိုးနှုန်း မက်လောက်စရာမရှိမှု တို့ကြောင့် အာရှဒေသရဲ့
ရွှေဝယ်လိုအားက မြင့်တက်နေဦးမယ် ဆိုပါတယ်။

CEO Magazine

Quote of the day

အောင်မြင်မှုရလာဒ်အတွက် ကျေးဇူးတရားကိုသိတတ်သူသည်
အကန့်အသတ်မဲ့စွာ ဆက်လက်အောင်ပွဲခံနိုင်မည်ဖြစ်ပါ၏။

John Wooden

Wednesday, February 19, 2014

Quote of the day

ယနေ့ မျှဝေခံစားမှုသည် မနက်ဖြန်၏
လှပတင့်တယ်မှု၊ ခင်မင်မှုကို ဆောင်ရွက်ခြင်း ဖြစ်၏။

Zig Ziglar

Monday, February 17, 2014

Quote of the day

လူအများ၌ရှိသော စွမ်းအားကိုရှာပါ။ အားပျော့ချက်ကိုမရှာပါနှင့်။
ကောင်းကွက်ကိုရှာပါ။ ဆိုးကွက်ကို မရှာပါနှင့်။
လူအားလုံး ကိုယ်ရှာသည်ကိုသာ ကိုယ်တွေ့တတ်ကြပါသည်။

J Wilbur Chapman

Wednesday, February 12, 2014

Chat Room

ဘဏ္ဍာရေးအဖွဲ့အစည်း အတော်များများဆီမှာ ငွေကြေးရောင်းဝယ်
သူတွေနဲ့ ဆက်စပ်နေတဲ့ အွန်လိုင်း Chat Room တွေကို
တားမြစ်သွားဖို့ JPMorgan Chase၊ Credit Suisse Group နဲ့
Citi group Inc အစရှိတဲ့ ဘဏ်ကြီးတွေက စဉ်းစားနေကြောင်း
Wall Street ဂျာနယ်ကဆိုပါတယ်။ လန်ဒန်ဘဏ်အချင်းချင်း
ချိတ်ဆက်ရာမှာ အရေးပါတဲ့ အတိုးနှုန်း (Libor) ကို လိမ်လည်မှု
နဲ့ပက်သက်ပြီး ငါးနှစ်စာ စုံစမ်းစစ်ဆေးရာမှာ Chat Room တွေ
ကနေ ဆက်သွယ်မှုက အထူးအရေးပါခဲ့တာကြောင့်
ခုလိုပိတ်ပင်ဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။

CEO Magazine

Quote of the day

ရှုံးတယ်ဆိုတာမရှိဘူး၊ အရှုံးလို့ထင်ထားတာတွေဟာ
တကယ်တော့ အောင်မြင်မှုဆီကို ဦးတည်တဲ့
လမ်းကြောင်းပေါ်က တံခါးတစ်ချပ်ဝုန်းကနဲ
ပွင့်ထွက်သွားတာပဲဖြစ်တယ်။

Unknown

Monday, February 10, 2014

Joke


Quote of the day

တစ်စုံတစ်ခုကို တကယ်လိုချင်ပါက အနစ်နာခံရမည်
တကယ်ကို ကြိုးစားရမည်
အဲဒီနောက် ငြင်းပယ်တာကိုလည်း ခံရမည်။

Unknown

Chain Store ဆိုသည်မှာ

***************
Chain Store ဆိုသည်မှာ
***************

Chain ဆိုတာကတော့ တစ်ဆက်တည်းဖြစ်နေတဲ့ ကြိုးတစ်ချောင်းကို
ဆိုလိုတာ ဖြစ်ပါတယ်။ Chain Store ဆိုတာကတော့ ဆိုင်ခွဲပေါင်း
မြောက်မြားစွာဟာ နာမည်တူ Brand တစ်ခုတည်းရဲ့အောက်မှာရှိပြီး
ဗဟိုစီမံခန့်ခွဲစနစ်နဲ့ လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လက်လီ
အရောင်းဆိုင်တွေဖြစ်တဲ့ Grocery Store ၊ Department Store၊ ဆေး
ဆိုင်တွေသာမက အ၀တ်အထည်နဲ့ မုန့်ဆိုင်တွေ စတဲ့ဘယ်ဆိုင်
အမျိုးအစားမဆို နာမည်တူဆိုင်ခွဲပေါင်း မြောက်မြားစွာရှိမယ်ဆိုရင်
Chain Store တွေလို့ သတ်မှတ်လို့ရပါတယ်။ များသောအားဖြင့်
လုပ်ငန်းလုပ်ပုံလုပ်နည်းတွေကို တူညီတဲ့ စံနှုန်းသတ်မှတ်ထားပြီး
လက်ကားရောင်းတဲ့သူတွေ၊ ကုန်ထုတ်လုပ်တဲ့သူတွေဆီက အလုံးအရင်း
အဖြစ်ဝယ်ယူခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာအောင် ပြုလုပ်ပြီး
စားသုံးသူတွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ၀ယ်ယူစားသုံးနိုင်အောင်
ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အဓိက ကတော့ တူညီတဲ့ရောင်းကုန်
တွေကိုသာ ရောင်းချပေးတာဖြစ်ပါတယ်။

Chain Store လို့မသတ်မှတ်ခင် စတိုးဆိုင်ခွဲတွေကို သက်ဆိုင်ရာ
အစိုးရက သတ်မှတ်စစ်ဆေးတာတွေရှိပါတယ်။ Chain Store လုပ်ငန်း
တစ်ခုရဲ့ အောက်မှာဆိုရင် ဆိုင်ခွဲပေါင်း ဆယ်ဆိုင်ထက်မနည်းရှိပြီး
ရုံးချုပ်တစ်ခုပါရှိပါတယ်။ ဒါမှမဟုတ် နာမည်တူ Brand တစ်ခုရဲ့
လုပ်ငန်းလုပ်ပိုင်ခွင့်ယူပြီး လူသိရှင်ကြားရောင်းဝယ်ဖောက်ကားလို့လည်း
ရပါတယ်။ဥပမာ လုပ်ငန်းလုပ်ပိုင်ခွင့် (Franchise) ပေးလိုက်တဲ့
သဘောကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Chain လုပ်ငန်း
အမျိုးအစားဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွင်ကျယ်စွာ ၀င်ရောက်
နေရာယူလာတာကို တွေ့ရပါတယ်။

ကိုပြည့်

Thursday, February 6, 2014

ကော်ပိုရိတ်မဟာဗျူဟာ

******************
ကော်ပိုရိတ်မဟာဗျူဟာ
[ဒေါ်ရီရီမြင့်]
******************

Strategy မဟာဗျူဟာဆိုသည့် ဝေါဟာရမှာ စစ်ပွဲများနှင့်ပက်သက်၍
အသိများသည်။ Strategy ကိုမဟာဗျူဟာဟု ခြုံငုံသည့်ဗျူဟာအဖြစ်သုံးပြီး
Tactics ကိုနည်းဗျူဟာဟု သုံးသည်။

ယခုအခါတွင် စီးပွားရေးလောကနှင့်ပက်သက်၍ အထူးသဖြင့် Corporate
လုပ်ငန်းကြီးများက စီးပွားရေးအောင်မြင်မှုအတွက် တိုက်ပွဲဆန်ဆန်အသုံး
အနှုန်းများဖြင့် ပြင်ဆင်ရင်ဆိုင်ကြသည်။ Corporate Strategy အောက်
တွင် ထုတ်လုပ်ရေး၊ ရောင်းချဖြန့်ဖြူးရေး၊ ဘဏ္ဍာရေး၊ စာရင်းကိုင်ကိစ္စ၊
ဝန်ထမ်းလူသားစီမံခန့်ခွဲမှုစသည်တို့အားလုံး အကျုံးဝင်သည်။

Business Consultant များကလည်း Corporation များအတွက်ထားရှိသော
မျှော်မှန်းမှုများကို နှစ်ပတ်လည်အစီရင်ခံစာများ၌ Mission Statement များ
ဖြင့် လှပသားနားစွာ ဖော်ပြလာကြသည်။ ထည်ဝါလွန်းသော Mission
Statement များကိုလည်း တွေ့ရတတ်သည်။ Mission Statement တစ်ခု
တွင် များသောအားဖြင့်အောက်ပါ သုံးချက်ကို ဖော်ပြလေ့ရှိသည်။

Mission
အောင်မြင်မှုရရှိရမည်ဟု ခံယူထားသောတာဝန်

Values
မိမိလုပ်ငန်း၏ပုံစံနှင့်ဟန် ပြောင်းလဲမှုမရှိသော အလေးထားတန်ဖိုးထား
သည့်လုပ်ကိုင်ပုံ

Vision
မျှော်မှန်းဦးတည်ထားသည့်အတိုင်း မည်သည့်နှစ်တွင် ဖြစ်ရမည်

သို့ရာတွင် Mission Statement သည် Strategy မဟာဗျူဟာတော့
မဟုတ်ပါ။ Corporate Strategy ကိုဆုံးဖြတ်ချက်များချမှတ်ရန် နည်းဥပဒေ
အဖြစ် အချို့က လက်ခံအသုံးပြုသည်။ Strategic Decisions များက
အောက်ပါမေးခွန်းများကို အဖြေပေးနိုင်ရသည်။

-လုပ်ငန်း၏ရည်မှန်းချက်များ၊ ပန်းတိုင်များမှာ မည်သည့်အရာများဖြစ်သည်
-လုပ်ငန်းအနေဖြင့် မည်သို့မည်ပုံ တိုးချဲ့ရမည်
-လုပ်ငန်းထုတ်ကုန်နှင့် လက်ရှိဈေးကွက်ကို မည်သို့တိုးချဲ့ပိုမိုအောင်မြင်
အောင်လုပ်ရမည်

လုပ်ငန်းအလုပ်များကို တစ်နေ့အလုပ်တစ်နေ့ပြီးနေရုံ လုပ်နေ၍မရ။
အနာဂတ်အလားအလာ၊ လက်ရှိအခြေအနေတို့ကို သုံးသပ်၍ အကိုက်ညီ
ဆုံးဖြစ်မည့် Strategy ကိုချမှတ်ခြင်း၊ အကောင်အထည်ဖော်မည့်အစီအစဉ်
များကို စီမံခြင်း၊ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ထိန်းသိမ်းခြင်းတို့
ဖြင့် Corporate Strategy ကိုအောင်မြင်မှုရစေရမည်။


CEO Magazine

Wednesday, February 5, 2014

Quote of the day

ငယ်ငယ်မှာ ကိုယ့်ကိုယ်ကို ခိုင်းရတယ်နော်။ ငယ်ငယ်မှာ
ကိုယ့်ကိုယ်ကို မခိုင်းရင် ကြီးလာရင် သူများခိုင်းတာ ခံရတတ်တယ်။

ဆရာအောင်သင်း

Tuesday, February 4, 2014

Quote of the day

စာဖတ်တော့ ဘာများထူးခြားလာသလဲ မေးရင်
စာဖတ်တော့ လူအ ဘဝ မှ လွတ်မြောက်လာသည်ဟုသာ
ဖြေလိုက်ချင်ပါသည်။

ဆရာအောင်သင်း

Monday, February 3, 2014

World Bank

ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့စီးပွားရေးလုပ်ကိုင်ဖို့ အကောင်းဆုံးနိုင်ငံတွေ
နှစ်ပတ်လည်စာရင်းမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် စင်္ကာပူနဲ့
ဟောင်ကောင်ဟာ ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိပါတယ်။
အဆိုပါ နိုင်ငံနှစ်နိုင်ငံဟာ အဲဒီစာရင်းမှာ ရှစ်နှစ်ဆက်တိုက်
ထိပ်ဆုံးနေရာ ယူထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ယမန်
နှစ်က အဆင့် ၉၁ ရှိပြီး အခု အဆင့် ၉၆ ဖြစ်သွားပါတယ်။ အဆိုပါ
စာရင်းရဲ့ ထိပ်ဆုံး ငါးနိုင်ငံထဲမှာ နယူးဇီလန်၊ အမေရိကန် နဲ့
ဒိန်းမတ်နိုင်ငံတို့လည်း ပါဝင်ပါတယ်။

CEO Magazine

Quote of the day

ဘယ်သူတွေက ဘာပြောနေနေ
မင်းကိုယ်မင်းချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။
မိဘကို ချစ်ရင် ပညာသင်ပါ။ စာဖတ်ပါ။
တိုင်းပြည်နဲ့ လူမျိုးကိုချစ်ရင် ပညာသင်ပါ။စာဖတ်ပါ။

ဆရာအောင်သင်း

Saturday, February 1, 2014

Quote of the day

ခပ်ညံ့ညံ့စိတ်ကူးတစ်ခုကြောင့်ထက် အကြံကောင်းတစ်ခုကြောင့်
သင်ဒုက္ခပိုတွေ့သွားနိုင်ပါတယ်။

Warren Buffett