Tuesday, January 28, 2014

စက်မှုလွန်ခေတ်

**********
စက်မှုလွန်ခေတ်
[မောင်စူးစမ်း]
**********

မျက်မှောက်ခေတ်ကို စက်မှုလွန်ခေတ် Post Industrial Age ဟု သတ်
မှတ်ကြသည်။ ယေဘူယျအမြင်၌ စက်မှုလုပ်ငန်းထွန်းကားခြင်း
Industrialization အဆင့်ပြီးစီးသွားခြင်းကို ရည်ညွှန်းသည်။ သို့သော်
ကမ္ဘာပေါ်ရှိ များစွာသော နိုင်ငံတို့သည် စက်မှုဖွံ့ဖြိုးမှုအဆင့်မရောက်မီ
ကပင် စက်မှုလွန်ခေတ်ကို ကြုံလိုက်ရသည်။ စက်မှုလွန်ခေတ်၏ အခြေ
ခံ သော့ချက်လက္ခဏာကိုပြရလျှင် ၀န်ဆောင်မှုကဏ္ဍ (Service Sector)
က ကျယ်ပြန့်တိုးတက်လာခြင်းဖြစ်သည်။

များစွာသောနိုင်ငံတို့သည် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှု နောက်ကျနေလျက်နှင့်
ဝန်ဆောင်မှုကဏ္ဍက ကျယ်ပြန့်နေသည်။ အချို့နိုင်ငံတို့သည် စက်မှု
လုပ်ငန်းပင် မရှိပဲ ၀န်ဆောင်မှုလုပ်ငန်းတို့ချည်းဖြစ်နေသည်။ စင်္ကာပူကို
နမူနာယူကြည့်နိုင်သည်။ စက်မှုလွန်ခေတ်၏ ၀ိသေသတို့ကို ပညာရှင်
တို့က အောက်ပါအတိုင်းဖော်ပြသည်။

၁။ စက်မှုလွန်ခေတ်တွင် သီအိုရီပညာ (Theoretical Knowledge) က
ဗဟိုအချက်အချာ ကျသည်။

၂။ စက်မှုလွန်ခေတ်တွင် အသိပညာဆိုင်ရာတက္ကနိုလိုဂျီ (Intellectual
Technology) တီထွင်သည်။

၃။ စက်မှုလွန်ခေတ်တွက် ပညာလူတန်းစားအသစ် (A New Knowledge
Class) ပျံ့နှံ့လာသည်။

၎။ ကုန်ထုတ်လုပ်မှုမှ ၀န်ဆောင်မှုထုတ်လုပ်မှုသို့ ပြောင်းလဲသည်။

၅။ အလုပ်၏လက္ခဏာပြောင်းလဲသွားသည်။ စက်မှုမထွန်းကားခင်က လူ
သည် သဘာဝနှင့် နပန်းလုံးရသည်။ စက်မှုခေတ်ရှိလူသည် မွမ်းမံပြုပြင်
ထားသော သဘာဝနှင့် ဆက်ဆံရသည်။ စက်မှုလွန်ခေတ်၌ လူအချင်းချင်း
ဆက်ဆံရသည်။

၆။ အမျိုးသမီးတို့၏ကဏ္ဍ ကြီးမားလာသည်။

၇။ သိပ္ပံပညာသည် တက္ကနိုဂျီနှင့်သာမက စစ်ဘက်နှင့်ဆက်ချိတ်ရသည်။
လူမှုတက္ကလိုဂျီတို့နှင့် ဆက်ချိတ်ရသည်။ လူမှုလိုအပ်ချက်တို့နှင့်
ဆက်ချိတ်ရသည်။

၈။ စက်မှုလွန်ခေတ်၌ တည်ရာနေရာ (Sites)သည် နိုင်ငံရေးယူနစ်ဖြစ်
သည်။ လူတန်းစားလူ့အလွှာသည် နိုင်ငံရေးယူနစ်မဟုတ်တော့။

၉။ စက်မှုလွန်ခေတ်၌ အရည်အသွေးနှင့် အရည်အချင်းကို အဓိကထား
သည်။ လုပ်သက်ကို အဓိကမထား။

၁၀။ စက်မှုလွန်ခေတ်၌ ရှားပါးမှုပြဿနာပြောင်းလဲသွားသည်။ ကုန်ပစ္စည်း
ရှားပါးမှုထက် အင်ဖော်မေးရှင်း နှင့် အချိန်ရှားပါးမှုပေါ်သည်။

၁၁။ စက်မှုလွန်ခေတ်၌ အင်ဖော်မေးရှင်းဆိုင်ရာဘောဂဗေဒ
(Economic of information) က အရေးကြီးသည်။



Friday, January 24, 2014

Quote of the day

မှန်ကန်တဲ့အကြံညဏ်တွေကိုထုတ်ဖို့ တခြားလူတွေကို တိုက်တွန်းတာဟာ
သူတို့ကို မှန်ကန်တဲ့အကြံညဏ်တွေ ပေးနေတာထက် အများကြီးပိုအား
ကောင်းတဲ့ တွန်းအားပေးလက်နက်တစ်ခု ဖြစ်ပါတယ်။

Unknown

Wednesday, January 22, 2014

Quote of the day

တစ်စုံတစ်ယောက်ကို တစ်ခုခုလုပ်ခိုင်းချင်တဲ့အခါ သင်လိုချင်တဲ့ဟာ
အကြောင်းကို မစဉ်းစားဘဲ အဲဒီလူဘာလိုချင်သလဲဆိုတာကိုပဲ စဉ်းစားပါ။

Unknown

ညစာ... :)


Monday, January 20, 2014

အနာဂတ် Communication အတွက် နည်းပညာအသစ်

************************************
အနာဂတ် Communication အတွက် နည်းပညာအသစ်
************************************

Siemens Enterprise Communications မှ ၂၀၁၃ နောက်ပိုင်းမှာ ပေါ်ထွက်
လာဖွယ်ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ အသုံးပြုနိုင်တဲ့Communication
အတွက် ခန့်မှန်းထားသော နည်းပညာ ဆယ်ခုမှာ -

၁. Web Browser
၂၀၁၃ ခုနှစ်နောက်ပိုင်းထွက်လာတဲ့ Web Browser တွေမှာ Real-time
စွမ်းဆောင်ရည်တွေ ပါဝင်လာမှာဖြစ်ပါတယ်။

၂. Social Media 1.0
Social Media တွေနဲ့ပက်သက်တဲ့ရှိလာမယ့် ပြောင်းလဲမှုတွေက စီးပွားရေး
လုပ်ငန်းတွေမှာ အသုံချနိုင်အောင်၊ ကိုက်ညီအောင်ဆောင်ရွက်လာမှာ
ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဈေးကွက်နဲ့
ထိတွေ့နေတဲ့အပိုင်းတွေကို အထူးဦးစားပေးဆောင်ရွက်ထားမှာဖြစ်ပါတယ်။

၃. C for Cloud
ယခင်က ကျွန်တော်တို့ C ကို Drive C: အနေနဲ့သာ အသုံးပြုခဲ့ပါတယ်။
နောက်လာမယ့်နှစ်တွေမှာ ထို C က Cloud အနေနဲ့ ပြောင်းလဲသွားမှာဖြစ်
ပါတယ်။ Cloud နည်းပညာတိုးတက်လာတာမို့ Cloud Storage လည်း
လူသုံးများလာကြမှာဖြစ်ပါတယ်။

၎. Near Field Communication (NFC)
Smartphone အသုံးပြုခြင်းဖြင့် Content Sharing လုပ်တာအကန့်အသတ်
မရှိ အပြန်အလှန် ဆက်သွယ်တာတွေကို ဆောင်ရွက်နိုင်ပြီဖြစ်တဲ့အတွက်
ရေရှည်မှာ အလားအလာကောင်းတွေ ရှိနေတာကိုတွေ့ရပါတယ်။ဒါကြောင့်
လည်း Smartphone တွေအသုံးပြုပြီး ငွေပေးချေတာ၊ အရောင်းအ၀ယ်
စီးပွားရေးအလုပ်ကိစ္စတွေကိုဆောင်ရွက်တာ စတာတွေကို ဆောင်ရွက်
နိုင်ပြီဖြစ်ပါတယ်။

၅. Car as Assistant
၂၀၁၃ နောက်ပိုင်းမှာ ထွက်လာမယ့်ကားတွေက သင့်လက်ထောက်သဖွယ်
အလုပ်လုပ်လာမှာဖြစ်ပါတယ်။ ကားမှာ Smartphone တွေ Tablet တွေ
တပ်ဆင်နိုင်တဲ့ Dock(နေရာ) တွေပါဝင်လာပြီး ကားရဲ့စနစ်အတွင်းပိုင်း
အထိဝင်ရောက်ထိန်းချုပ်နိုင်ပါတယ်။ Dash-embedded Multi-media Led
အနေနဲ့ အသုံးပြုထားပြီး ကားတစ်စီးလုံးကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်. . .

၆. Global use of Email
ယနေ့ခေတ်မှာ Email က ရုံးလုပ်ငန်းတွေအတွက် သိပ်အသုံးမ၀င်တော့ဘူး
လို့ပြောကြပါတယ်။ အကြောင်းရင်းက Blog နဲ့ Instant Messaging နည်း
ပညာတွေတိုးတက်လာတာကြောင့်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့မှာ
Email လောက်အဆင်မပြေတာကို ကြုံတွေ့နေရပါတယ်။ တစ်ဖက်ကလည်း
Email Service Provider တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် Email ဟာ အရင်
ထက် Function တွေ ပိုမိုစုံလင်စွာ အသုံးပြုလာနိုင်ပါတယ်။ အထူးသဖြင့်
Filtering Tools တွေဖြစ်ပါတယ်။

၇. Big Data
Data Warehousing, Data Mining တို့မှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ Big
Data တွေဟာ တစ်နေ့တစ်ခြား များပြားလာတာဖြစ်ပြီး အဲဒါတွေကို
Communication လုပ်တာကလည်း မြန်ဆန်ဖို့၊ ဒါမှမဟုတ် နည်းလမ်း
အသစ်တွေလိုအပ်လာပြီဖြစ်ပါတယ်။ အဲဒီ Big Data တွေမှာ Recording၊
Transcriptions ၊ Indexing ၊ Tagging စတာတွေ ပါဝင်ပါတယ်။ အဲဒီလို
ကောင်းစွာ ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းအသစ်တွေ
ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

၈. Videoconferencing
ကြားသာကြားနေရပြီး မမြင်ရတဲ့အဖြစ်မျိုးတွေ နောင်မှာရှိတော့မှာမဟုတ်ပါ။
Videoconferencing နည်းပညာဟာ စီးပွားရေးလုပ်ငန်းတွေကြားမှာ တွင်
ကျယ်လာတာကြောင့် ယခုအချိန်မှာ ကြုံတွေနေရတဲ့ အခက်အခဲတွေကို
ကြုံတွေ့ရတော့မှာ မဟုတ်ပါ။

၉. BYOx
BYOD ဆိုတာ Bring Your Own Device ကိုဆိုလိုတာပါ။ ဥပမာအနေနဲ့
မိမိကွန်ပျူတာယူလာပြီး ရုံးအတွက်အလုပ်လုပ်ပေးတာမျိုးဖြစ်ပါတယ်။
ယခုအဲဒီလိုမဟုတ်တော့ဘဲ BYOD ထက်မြင့်ပြီး BYOx ဖြစ်လာပါတယ်။ x
ဟာ ဘယ်အရာမဆိုဖြစ်နိုင်ပါတယ်။ OS လည်းဖြစ်နိုင်ပါတယ်။ Cloud
Storage လည်းဖြစ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲလာတာရဲ့ အဓိကအကြောင်း
က Smartphone တွေတိုးတက်များပြားလာတာကြောင့် ဖြစ်ပါတယ်။ စီးပွား
ရေးလုပ်ငန်းတွေအတွက် ၀န်ထမ်းတိုင်းက မိမိတို့ရဲ့ ဖုန်းထဲက App တွေနဲ့
Cloud Storage တွေမှာ သိမ်းဆည်းကာ မိမိအလုပ်တွေကို လုပ်ပေးနေတဲ့
Concept ကို BYOx လို့ခေါ်ပါတယ်။

၁၀. Collaboration Tools
စီးပွားရေးလုပ်ငန်းတွေမှာ မိမိပြိုင်ဘက်နဲ့ယှဉ်ပြိုင်ပြီး အနိုင်ရဖို့အတွက်
Virtual Team တွေနဲ့ ဆောင်ရွက်တဲ့နည်းကလည်း အထောက်အကူဖြစ်
ပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် Collaboration နည်းပညာနဲ့ Tools
တွေကို အသုံးပြုလာကြပါတယ်။

CEO Magazine

Saturday, January 18, 2014

Quote of the day

ဒီတစ်ခါ ထပ်ကြိုးစားလိုက်ပါ။ ယခုအကြိမ်သည်
အောင်မြင်မည့်အကြိမ်ဖြစ်နေပါက ပြီးခဲ့သော အကြိမ် ၁၀၀ အတွက်
အလွန်မှ နှမြောစရာဖြစ်နေမည်။

Unknown

Wednesday, January 15, 2014

ချမ်းသာကြွယ်ဝမှုနှင့် အလုပ်အကိုင် အမျိုးအစား

*********************************
ချမ်းသာကြွယ်ဝမှုနှင့် အလုပ်အကိုင် အမျိုးအစား
[ဆရာချစ်စံဝင်း]
*********************************

လောကတွင် ဘယ်အလုပ်ကို လုပ်ကိုင်မှ ကြီးပွားချမ်းသာမည်ဟု ဆိုသည်
မှာ မရှိပါ။ ချမ်းသာကြွယ်ဝသူများသည် ပုံစံမတူ နောက်ခံလုပ်ငန်းတစ်မျိုး
တည်းနှင့် ချမ်းသာလာကြခြင်း မဟုတ်ပါ။ မတူညီသည့် ကျောထောက်
နောက်ခံများနှင့် ချမ်းသာကြွယ်ဝလာခြင်း ဖြစ်ပါသည်။

အချို့လည်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ချမ်းသာ
ကြသည်။ အချို့လည်း ပုစွန်၊ ကဏန်း၊ ငါးလုပ်ငန်း၊ အချို့လည်း ငါးပိ၊
ငါးခြောက်၊ ငံပြာရည်လုပ်ငန်း၊ အချို့လည်း အထည်ယက်လုပ်ငန်း၊ အချို့
လည်း ဆေးလိပ်လုပ်ငန်း စသည်ဖြင့် ချမ်းသာကြွယ်ဝမှု ကျောထောက်
နောက်ခံ လုပ်ငန်း အမျိုးမျိုးရှိပါ၏။

ယနေ့ တီဗွီ၊ ဗွီဒီယို၊ မဂ္ဂဇင်းများတွင် ကြော်ငြာသော လုပ်ငန်းများကို
လေ့လာပါက အချို့လည်း တိုင်းရင်းဆေးဖော်စပ်ရောင်းချခြင်းဖြင့် ချမ်းသာ
သူများရှိ၍ အချို့လည်း သနပ်ခါးအမှုန့်ကြိတ် လုပ်ငန်းနှင့် ချမ်းသာသူများ
ရှိပါ၏။

တစ်ခါတစ်ခါ ကိုယ်မထင်သည့်လူ၊ ကိုယ်မထင်သည့်လုပ်ငန်းသည် အလွန်
ချမ်းသာသည့်လူ၊ အလွန်ဝင်ငွေကောင်းသည့်လုပ်ငန်းဖြစ်နေတတ်ပါ၏။
ချမ်းသာကြွယ်ဝမှုကို သူစီးသည့်ကား၊ သူ့အ၀တ်အစားနှင့် သူပြောသော
စကားများနှင့် ခဏချင်း အကဲဖြတ်၍ မရပါ။

ထို့ကြောင့် ငွေရှာသည့်လုပ်ငန်းများကို သေးသည်ကြီးသည်ဟူ၍ အထင်
သေးခြင်း၊ ကြီးခြင်း မရှိပါနှင့်။ လုပ်ငန်းများကို စိစစ်ပါ။ လုပ်ငန်းကျွမ်းကျင်
မှုရှိအောင် မိမိ ညဏ်ရည်ညဏ်သွေးကို မြှင့်တင်ထားပါ။


Monday, January 13, 2014

Quote of the day

ပညာသင်ခြင်း၊ စာဖတ်ခြင်းတို့၏ ကြီးမားသောရည်ရွယ်ချက်သည်
ဗဟုသုတရစေဖို့ သက်သက်သာမဟုတ်။
လက်တွေ့ကျင့်ကြံလုပ်ဆောင်ရန်အတွက်လည်း ဖြစ်သည်။

ဟားဘတ်စပင်ဆာ

Friday, January 10, 2014

Quote of the day

နောက်ဆုတ်ရန် ငြင်းဆန်သူများသာ ကြိုးပမ်းမှု၏
ဆုလာဘ်ကို ပြည့်ပြည့်၀၀ ခံစားရရှိသည်။

နပိုလီယန်ဟီးလ်

ကော်ပိုရိတ် အုပ်ချုပ်မှု

***************
ကော်ပိုရိတ် အုပ်ချုပ်မှု
[ဒေါ်ရီရီမြင့်]
***************

Governance ဆိုသောဝေါဟာရကို Good Governance ဟုတွဲ၍ကောင်း
မွန်သောအုပ်ချုပ်မှု တိုင်းပြည်အတွက် အရေးကြီးကြောင်းသတ်မှတ်
ဖော်ထုတ်သည့် ယခုအချိန်အခါတွင် Corporate Governance ကိုလည်း
သိထားရန် လိုအပ်ပါသည်။

Corporate သို့မဟုတ် Corporation မှာ မြန်မာပြည်တွင် အသုံးနည်း
သောဝေါဟာရဖြစ်သည်။ အမေရိကန်အသုံးအနှုန်းတွင် Public Co.,
Limited အများပိုင်ကုမ္ပဏီများကို Corporation ဟုသာ ခေါ်သည်။
ဥပဒေကြောင်းအရ Corportize လုပ်ထား၍ Corporate Body သို့မဟုတ်
သီးခြား Entity အဖြစ် ရပ်တည်နိုင်သည်။ အများပိုင်ကုမ္ပဏီမှာ လူအများ
ရှယ်ယာဝယ်ယူထားသောငွေများဖြင့် စီးပွားရေးလုပ်ခြင်းဖြစ်ရာ ကော်
ပိုရေးရှင်း၏ Chairman နှင့် ဒါရိုက်တာဘုတ်အဖွဲ့က အောင်မြင်အောင်
တာဝန်ယူထားရသည်။ ရှယ်ယာအများဆုံးပိုင်ဆိုင်သူက လက်ဝါးကြီး
အုပ်ချုပ်ကိုင်သည့် ပုံစံမျိုးမဖြစ်ရန် အရေးကြီးသည်။ ရှယ်ယာရှင်များ
သည် ကုမ္ပဏီအတွင်း လုပ်ဆောင်မှုများကို ပွင့်လင်းစွာ သိလိုကြသည်။

ယင်းတို့၏ငွေများကို မည်သို့စီမံခန့်ခွဲနေသည်ကို မှန်မှန်ကန်ကန်ရှိ
မရှိ သိလိုကြသည်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ အကြီးအကျယ်ကိုယ်
ကျိုးရှာမှု၊ အသုံးအစွဲကြမ်းမှုနှင့် ပက်သက်၍ နာမည်ဆိုး Enron
ကုမ္ပဏီကြီး ကမ္ဘာအနှံ့ကျော်ကြားခဲ့ဖူးသည်။ အလားတူ ကော်ပိုရေးရှင်း
ကြီးများ၌ လွဲမှားသောအုပ်ချုပ်မှုများ၊ ကုမ္ပဏီရှယ်ယာရှင်များ၏ အကျိုး
ကို စောင့်ရှောက်ခြင်းမရှိသော မယုံကြည်နိုင်စရာအုပ်ချုပ်မှုများတွေ့
လာရ၍ Corporate Governance ကို တောင်းဆိုမှုများ၊ ထိန်းချုပ်မှုများ
ရှိလာရသည်။

မြန်မာ့ပုဂ္ဂလိကစီးပွားရေးနယ်ပယ်တွင်လည်း အများပိုင်ကုမ္ပဏီများအဖြစ်
ဖွဲ့စည်းပြီး ရှယ်ယာရောင်းချမှုများ စတင်နေကြောင်းတွေ့ရသည်။
Corporate ဆိုသည်မှာ ရှယ်ယာဝယ်သူများ၏ငွေကို တာဝန်ယူ၍ အကျိုး
အမြတ်များဖြစ်စေရန်နှင့် Dividend ထုတ်ပေးနိုင်စေရန်၊ ရှယ်ယာတန်ဖိုး
များ ပုံမှန်တက်နေရန် လုပ်ပေးနိုင်မည့် Corporate Governance ရှိရပါ
မည်။

CEO Magazine

Microsoft

ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ထုတ်လုပ်တဲ့ ကုမ္ပဏီ Microsoft ဟာ CEO
ဖြစ်တဲ့ Steve Ballmer နေရာမှာ အစားထိုးဖို့အတွက် ပြင်ပက ယှဉ်ပြိုင်
သူစာရင်းကို ငါးယောက်အထိ လျှော့ချလိုက်ပြီး အဲဒီစာရင်းမှာ Ford
ကားကုမ္ပဏီရဲ့ CEO Alan Mullaly နဲ့ Nokia ရဲ့ CEO ဟောင်း Stephen
Elop တို့လည်း ပါဝင်ပါတယ်။ အဲဒီစာရင်းထဲမှာ Skype ရဲ့ CEO ဟောင်း
အခုလက်ရှိမှာ Microsoft ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် တာဝန်ယူထားတဲ့
Tony Bates နဲ့ Cloud နည်းပညာပိုင်းဆိုင်ရာ အကြီးအကဲ Satya Nadella
တို့အပါအ၀င် ကုမ္ပဏီတွင်းကယှဉ်ပြိုင်သူ သုံးယောက်ပါဝင်ပါတယ်။အခုလို
CEO ရာထူးလျာထားစာရင်းကို ငါးယောက်အထိ လျှော့ချလိုက်ပေမယ့်
Microsoft အနေနဲ့ အစက အယောက် ၄၀ နဲ့ စတင်လျာထားခဲ့တာဖြစ်ပါ
တယ်။ Steve Ballmer ဟာ မနှစ် သြဂုတ်လတုန်းက ၁၂ လအတွင်း
ရာထူးကနေ အနားယူမယ်လို့ ပြောခဲ့ပါတယ်။

CEO Magazine

Wednesday, January 8, 2014

အမွေပေးခြင်း

***********
အမွေပေးခြင်း
[ဆရာချစ်စံဝင်း]
***********

သင့်ရင်သွေးအား သူ့ဘ၀တွင် လူတစ်လုံး သူတစ်လုံး အဖြစ် နေနိုင်ရန်
သူ့အတွက် အကောင်းဆုံး ပေးသင့်သော အမွေသည်...

ငွေကြေး၊ ပစ္စည်းဥစ္စာ၊ ခြံ၊ မြေ၊ ဓနစည်းစိမ် တို့ မဟုတ်ပါ။

သူ့အတွက် အကောင်းဆုံးအမွေသည်...

- အသိပညာ knowledge
- ကျွမ်းကျင်မှုစွမ်းရည် skill
- အောင်မြင်လိုစိတ် desire to succeed
တို့ ဖြစ်သည်။

သင့်သားသမီးအား အသိပညာ၊ ကျွမ်းကျင်မှုစွမ်းရည် နှင့် အောင်မြင်လိုစိတ်
တို့ မပါဘဲ ငွေကြေး၊ ပစ္စည်းဥစ္စာ၊ ခြံ၊ မြေ တို့ကို အမွေထားခဲ့ခြင်းသည်
အဆိပ်ကို အစာကြေဆေးအဖြစ် အမွေပေးခဲ့ခြင်းနှင့် အတူတူပဲဖြစ်ပါ၏။



Quote of the day

သင့်အတွေးအာရုံများကို သင်လက်ရှိ လုပ်ဆောင်နေသော
အလုပ်တွင် စူးစိုက်မှုပြုပါ။ နေရောင်ခြည်သည် တစ်နေရာ
တည်းတွင် စုစည်းလာခြင်း မရှိသေးသမျှ လောင်ကျွမ်း
စေနိုင်ခြင်း မရှိပါ။

အလက်ဇန္ဒား ဂရေဟမ်ဘဲလ်

Apple

Apple ဟာ Coca-Cola ကို ကျော်တက်ပြီး ကမ္ဘာ့အကောင်းဆုံး အမှတ်
တံဆိပ်စာရင်းမှာ နံပါတ်တစ်နေရာရရှိခဲ့ပါတယ်။ Google Search
Engine က နံပါတ်နှစ်နေရာကို ရရှိခဲ့ပြီး Coca-Cola က မနှစ်က
နံပါတ်တစ်နေရာမှာ ရှိရာကနေ နံပါတ်သုံးနေရာကို ကျဆင်းသွားပါ
တယ်။ Apple ရဲ့အမှတ်တံဆိပ်ဟာတန်ဖိုးဟာ အမေရိကန်ဒေါ်လာ
၉၈.၃၁ ဘီလီယံရှိပြီး Google က အမေရိကန်ဒေါ်လာ ၉၃.၂၉
ဘီလီယံရှိတယ်လို့ Interbrand ကဆိုပါတယ်။ ကွန်ပျူတာကုမ္ပဏီတွေ
ဖြစ်တဲ့ IBM နဲ့ Microsoft တို့ဟာ အဆင့်လေးနဲ့ အဆင့်ငါး နေရာ
အသီးသီးရရှိကြပါတယ်။ Nokia က အဆင့် ၁၃ ကနေ ၅၇ နေရာထိ
ကျဆင်းသွားပြီး facebook က အဆင့် ၆၅ ကနေ ၅၂ ထိ ခုန်တက်လာ
ကာ BlackBerry က ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ် စာရင်းမှာ
လုံးဝမပါခဲ့ပါဘူး။

CEO Magazine

Monday, January 6, 2014

Quote of the day

အခက်အခဲ၊ အဟန့်အတားဆိုသည်မှာ ရှင်သန်ကြီးထွားမှုနှင့်
တိုးတက်မှုတို့အတွက် အခွင့်အလမ်းများဖြစ်သည်။
နေ့စဉ် အပွတ်အတိုက်ခံရမှုသည် အရောင်တင်ခံနေရခြင်း
ဖြစ်သည်။

ဆရာချစ်စံဝင်း

Friday, January 3, 2014

Quote of the day

အမူ၊ အကျင့်၊ စရိုက်ဆိုသည်မှာ အကျပ်အတည်း
ကာလမျိုးတွင် တည်ဆောက်ယူခြင်းမဟုတ်။
ထိုကာလမျိုးတွင် ပေါ်လွင်လာခြင်းသာ ဖြစ်သည်။

ရောဘတ်ဖရီးမင်း

Wednesday, January 1, 2014

Quote of the day

အေးဆေးတည်ငြိမ်စွာ ခရီးဆက်ဖို့ကြိုးစားပါ
အရင်ခေတ်တွေထက် မိမိတို့သာတာ အသေအချာပါ
ဒါပေမယ့် ဘာကြောင့် မဆင်မခြင် လိုချင်ရတာလဲ
ဘာတွေအလောသုံးဆယ်လုပ်ဖို့ လိုလို့လဲ
ကျွန်တော်တို့ကို ပေးထားတာတွေကို စဉ်းစားပါ
ကျေနပ်နှစ်သိမ့်ပါ
အလကား အလကား မစွန့်စားပါနဲ့
တန်ရဲ့လား....

ဒေါက်တာခင်မောင်ညို