**********************************************
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ (၄)
[ဇော်ဝင်းကြူ]
**********************************************
(၃) ဈေးချိုချိုဖြင့် အ၀ယ်ရောင်းလုပ်သောကုမ္ပဏီများ
ဒါကတော့ Wal-Mart ၊ Costco ၊ Nebraska Furniture Mart ၊
Borsheim's Fine Jewelry နဲ့ The Burlington Northern Santa Fe
တို့လိုကုမ္ပဏီမျိုးတွေပါ။ ဒီကုမ္ပဏီတွေမှာတော့ အမြတ်နှုန်းကိုရောင်းအား
နဲ့အလဲအလှယ်လုပ်ကြပါတယ်။ အမြတ်ကိုလျှော့ယူပြီးတက်လာတဲ့
ရောင်းအားနဲ့ ပုံမှန်မြတ်မယ့်အမြတ်ထက်ပိုမြတ်အောင်လုပ်လိုက်တာပါပဲ။
ဒီနေရာမှာအဓိကအချက်က သင်ဟာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို
ဝယ်လို့ရပြီး သင့်ရဲ့ပြိုင်ဘက်တွေထက်ပိုကောင်းတဲ့အမြတ်နှုန်းကိုရဖို့နဲ့
ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှုကိုပြန်ရောင်းတဲ့နေရာမှာလည်း ဈေး
ချိုချိုနဲ့ရောင်းတဲ့သူဖြစ်နေဖို့ပါပဲ။ ဒီနေရာမှာမြို့ထဲကဈေးအသက်သာဆုံး
ဆိုင်ပဲဆိုတဲ့နာမည်တစ်ခုကို ရထားတာက စားသုံးသူတွေကိုဆွဲဆောင်နေ
တာပါပဲ။
Omaha မြို့မှာ သင့်အတွက် မီးဖိုအသစ်တစ်လုံးလိုပြီဆိုရင် အကြိုက်ဆုံး
ရွေးပြီး အချိုဆုံးဈေးနဲ့ဝယ်နိုင်ဖို့အတွက် Nebraska ကိုသွားရတာပဲ။
တောကြိုတောင်ကြားကိုဖြတ်ပြီး သင့်ရဲ့ကုန်ပစ္စည်းတွေကိုသယ်ယူပို့
ဆောင်ချင်နေသလား။ ဒါဆိုရင် Burlington Northern ကသင်ပေးတဲ့ငွေ
နဲ့တန်အောင် အကောင်းဆုံးလုပ်ပေးလိမ့်မယ်။ မြို့ငယ်လေးတစ်မြို့မှာ
နေပြီး အကြိုက်ဆုံးပစ္စည်းကိုရွေးပြီး အချိုဆုံးဈေးနဲ့ဝယ်ချင်တာလား။
ဒါဆိုရင်တော့ Wal-Mart ကိုပဲ သွားလိုက်ပါ။
အခုဆွေးနွေးတင်ပြခဲ့တဲ့ စီးပွားရေးလုပ်ငန်းပုံစံသုံးမျိုးထဲက ကုန်ကျစရိတ်
သက်သက်သာသာနဲ့ အရောင်းအ၀ယ်လုပ်တဲ့ကုမ္ပဏီကတော့ အလုပ်
အကိုင်တိုးတက်ဖို့ အခွင့်အလမ်းအနည်းဆုံးပါပဲ။ ကုန်ကျစရိတ်တွေကို
အမြဲနည်းနေအောင်ထိန်းရတဲ့အလုပ်က စီမံခန့်ခွဲသူတွေအပေါ်မှာ
အဆက်မပြတ်ဆိုသလို ဖိစီးမှုတွေအကြီးအကျယ်ပေးနေမှာပါ။ ဒါပေမယ့်
ဒီသုံးမျိုးထဲမှာ အကြုံးမ၀င်တဲ့လုပ်ငန်းသေးသေးကလေးတွေနဲ့စာရင်
ဒီလုပ်ငန်းတွေက ပိုပြီးကောင်းတဲ့လုပ်ငန်းကိုင်ငန်းနဲ့ စီမံခန့်ခွဲမှုအခွင့်
ကောင်းတွေကို ပေးနေဦးမှာပါ။
Warren Buffett's Management Secrets
Monday, November 24, 2014
Monday, November 17, 2014
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ (၃)
**********************************************
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ (၃)
[ဇော်ဝင်းကြူ]
**********************************************
(၂) ပြိုင်ဘက်မရှိသောဝန်ဆောင်မှုတစ်မျိုးကိုရောင်းချခြင်း
ဒါကတော့ Moody's, H & R Block, Amex, Service Master နဲ့
Wells Fargo လိုကုမ္ပဏီမျိုးတွေပါ။ ဒီကုမ္ပဏီတွေဟာ ရှေ့နေတွေ၊
ဆရာဝန်တွေလိုပဲ လူတွေမှာလိုအပ်နေလို့ အခကြေးငွေပေးပြီး လိုလို
ချင်ချင်ဝယ်ချင်နေတဲ့ဝန်ဆောင်မှုတွေကို ရောင်းပါတယ်။ ဒါပေမယ့်
ရှေ့နေတွေဆရာဝန်တွေနဲ့မတူတာက ဒီကုမ္ပဏီတွေကို အဖွဲ့အစည်း
အနေနဲ့ပဲ သတ်မှတ်ထားပြီး လူတွေလို့သတ်မှတ်မထားတာပါပဲ။ သင့်ရဲ့
အခွန်တွေကိုဆောင်ဖို့စဉ်းစားတဲ့အခါ သင့်အနေနဲ့ H & R Block ကိုပဲ
စဉ်းစားမှာပါ။ သင့်ရဲ့အခွန်ကိစ္စတွေကို လုပ်ကိုင်ပေးနေတဲ့ H & R Block
က ၀န်ထမ်းကလေးကို စဉ်းစားမှာမဟုတ်ပါဘူး။
ပြိုင်ဘက်မရှိတဲ့ဝန်ဆောင်မှုတစ်ခုကို ရောင်းတဲ့စီးပွားရေးလုပ်ငန်းဆိုတာ
တော်တော်ကြီးထူးဆန်းချင်ထူးဆန်းနေမှာပါ။ အဲဒီကုမ္ပဏီအနေနဲ့
သူ့ရဲ့ပစ္စည်းတွေကိုပုံစံအသစ်ထပ်ထုတ်ဖို့ ငွေတွေအများကြီးသုံးစရာ
မလိုတော့ပါဘူး။ စားသုံးသူတွေရဲ့စိတ်အာရုံတစ်ပိုင်းတစ်စကို
ဆုပ်ကိုင်ထားနိုင်တဲ့ပြိုင်ဘက်မရှိတဲ့ဝန်ဆောင်မှုတွေကို ရောင်းနေတဲ့
လုပ်ငန်းတွေဟာကုန်ပစ္စည်းတွေချရောင်းနေတဲ့လုပ်ငန်းတွေထက်
တောင် အမြတ်အစွန်းပိုရနိုင်ပါသေးတယ်။
ဒီလုပ်ငန်းမျိုးတစ်ခုခုမှာဝင်လုပ်ရင် တခြားလုပ်ငန်းတွေမှာလိုလုပ်ငန်းကို
ဒုက္ခပေးတဲ့ဘဏ္ဍာရေးအခြေအနေအတက်အကျတွေမရှိလို့ လခကောင်း
ကောင်းရပြီး လုပ်ရကျိုးနပ်တဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ H & R
နဲ့ GM လိုကုမ္ပဏီနှစ်ခုရဲ့သမိုင်းကြောင်းကိုပဲ နှိုင်းယှဉ်ကြည့်ပါ။ စီးပွားရေး
အကျပ်အတည်းတွေ ဘယ်လောက်ပဲဖြစ်နေပါစေ။လူတွေဟာအခွန်
ဆောင်တဲ့လုပ်ငန်းအတွက် အကူအညီလိုနေမှာပါပဲ။ အခွန်ဆောင်တဲ့
လုပ်ငန်းမှာ စီးပွားရေးအကျပ်အတည်းဆိုတာ မရှိပါဘူး။ ဒါပေမယ့် GM
လိုကုမ္ပဏီမျိုးတစ်ခုအတွက်တော့ စီးပွားရေးလောကကြီးထဲကရုတ်တရက်
ဖြစ်ပေါ်လာတဲ့အပြောင်းအလဲတွေက အချိန်တိုအတွင်းမှာပဲ ဒုက္ခပေးနိုင်
ပါတယ်။

Monday, November 10, 2014
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ (၂)
**********************************************
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ (၂)
[ဇော်ဝင်းကြူ]
**********************************************
(၁) ပြိုင်ဘက်မရှိသောကုန်ပစ္စည်းတစ်မျိုးကိုရောင်းချခြင်း
ဒါကတော့ Coca-Cola ၊ Pepsi ၊ Wrigley ၊ Hershey ၊ Coors ၊
Guinness ၊Kraft ၊ Merck & Company ၊ Johnson & Johnson ၊ Procter & Gamble နဲ့Philip Morris လို ကုမ္ပဏီမျိုးတွေပါ။
ဒီကုမ္ပဏီတွေက ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့အတွေ့အကြုံတွေကို ပေါင်းစပ်၊ ကြော်ငြာတွေနဲ့ရောင်းအားမြှင့်တင်ပြီးကျွန်တော်တို့ရဲ့ စိတ်ထဲမှာ သူတို့ရဲ့ကုန်ပစ္စည်းအကြောင်းတွေကိုစွဲနေအောင် ရိုက်သွင်းထားခဲ့ကြလို့ကျွန်တော်တို့ရဲ့လိုအပ်ချက်တစ်ခုခုကိုဖြည့်ဆည်းဖို့သွားတဲ့အခါတိုင်းသူတို့ရဲ့ကုန်ပစ္စည်းတွေကိုပဲချက်ချင်း သတိရမိကြတာပါပဲ။
ဒီကုမ္ပဏီတွေဟာ စားသုံးသူတွေရဲ့စိတ်အာရုံတစ်ပိုင်းတစ်စကို ပိုင်ဆိုင်သွားခဲ့တာလို့ပဲ Warren ကယူဆပါတယ်။ ကုမ္ပဏီတစ်ခုဟာ စားသုံးသူတွေရဲ့စိတ်အာရုံတစ်ပိုင်းတစ်စကို ပိုင်ဆိုင်သွားပြီဆိုရင် သူ့ရဲ့ကုန်ပစ္စည်းကောင်းပါတယ်ဆိုတာကို တစ်နေ့မှာ သင်သိလာမှာသေချာနေလို့ အဲဒီပစ္စည်းတွေကို ဘယ်တော့မှ
ပြောင်းလဲပစ်စရာမလိုတော့ပါဘူး။ ပြီးတော့ သူရဲ့ကုန်ပစ္စည်းတွေကို ဈေးပိုတင်မယ်၊ အရောင်ပမာဏကို တိုးမြှင့်မယ်။ ဒါဟာ အမြတ်နှုန်းပိုမြင့်ပြီးကုန်စည်လည်ပတ်မှုပိုများမှာမို့ဝင်ငွေရှင်းတမ်းမှာ အမြတ်တွေ ပိုများလာမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒီလိုကုမ္ပဏီတွေမှာ နှစ်စဉ်နှစ်တိုင်း ၀င်ငွေတွေတစ်သမတ်တည်းကောင်းနေတာ၊ ဘဏ္ဍာရေးရှင်းတမ်းမှာ အကြွေးတွေနည်းတာ၊ လုံးလုံးမရှိတာတွေကြောင့် ဒီလိုကုမ္ပဏီတွေကို ခွဲခြားပြီးသိဖို့ဆိုတာက လွယ်ပါတယ်။
အလုပ်အကိုင်ရှုထောင့်ကကြည့်မယ်ဆိုရင်တော ဒီလိုထူးခြားတဲ့ ကုမ္ပဏီတွေဟာကျွန်တော်တော်တို့ကို စီမံခန့်ခွဲမှုမှာထိပ်တန်းအဆင့်ကို တိုးတက်နိုင်တဲ့အလွယ်ကူဆုံးအခွင့်အလမ်းတွေကို ပေးပါတယ်။ ဒီကုမ္ပဏီတွေဟာ ငွေကြေးတောင့်တင်းကြလို့ လခကောင်းကောင်း၊ ဆုကြေးငွေကောင်းကောင်းတွေကိုပေးနိုင်ကြပါတယ်။ တခြားလုပ်ငန်းတွေကိုပြန်ဝယ်ပြီး လုပ်ငန်းအသစ်တွေကိုဖန်တီးနိုင်စွမ်း
ရှိကြတယ်။ ဒါတွေကလူငယ်မန်နေဂျာတစ်ယောက်ကို
ထူးချွန်ထက်မြတ်လာအောင်လုပ်ပေးမယ့် အခွင့်အလမ်းတွေ အများကြီးရှိနေတယ်ဆိုတာကို ပြနေပါတယ်။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ Coke နဲ့ဆိုရင် အားလုံးပိုကောင်းသွားတာပါပဲ။ အဲဒီကောင်းသွားတဲ့အထဲမှာ သင်လုပ်နေတဲ့ အလုပ်လည်းပါသွားမှာပါ။

Wednesday, November 5, 2014
Japanese Management (ဂျပန်ပုံစံ စီမံခန့်ခွဲမှု)
**************************************

[ဒေါ်ရီရီမြင့်]
**************************************
စီးပွားရေးယှဉ်ပြိုင်မှုတွင် ဂျပန်က အမေရိကန်ကို အနိုင်ပိုင်းနိုင်နေကြောင်း
၁၉၈၁ ခုနှစ်ပိုင်းက Richard Pascale နှင့် Anthony Athos တို့ရေးသား
သော The art of Japanese Management တွင် ဖော်ပြရာ၌
အကြောင်းရင်းတစ်ရပ်မှာ လူမှုရေးတန်ဖိုးထားမှုအပြောင်းအလဲကြောင့်
အလုပ်အဖွဲ့အစည်းက လုပ်သားများ၏ မျှော်လင့်ချက်များပါပြောင်းလဲ
လာခဲ့သည်ဟု အလေးအနက်ဖော်ပြသည်။ ဂျပန်စီမံခန့်ခွဲမှုနှင့်
အမေရိကန်စီမံခန့်ခွဲမှုမှာ ၉၅ ရာခိုင်နှုန်းတူညီသော်လည်း အရေးပါသော
၅ ရာခိုင်နှုန်းတွင် ကွာခြားသည်ဟု Honda Motor Co ကို တွဲဖက်
တည်ထောင်သူ Takeo Fujisawa က ဆိုသည်။
အမှန်မှာ ဂျပန်ကုမ္ပဏီများသည် အမေရိကန်စီမံခန့်ခွဲမှုပညာရှင်များထံမှ
ကုန်ထုတ်လုပ်မှု နည်းဗျူဟာများ အတုယူလေ့လာကြပြီး မိမိတို့၏
လုပ်ငန်းခွင်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ၍ ကိုက်ညီပြီးထူးခြားသည့်
ပုံစံကို လုပ်ယူသည်။
ဂျပန်စီမံခန့်ခွဲမှုနည်းများမှ အချို့သောသဘောတရားများအခြားနိုင်ငံများသို့
ပျံ့နှံ့ကျော်ကြားလာသည်။ ထိုနည်းများမှာ Total Quality Management ၊
Six Sigma နှင့် Lean Manufacturing တို့ဖြစ်သည်။ မအောင်မြင်မှုများ
ကြုံတွေ့ရခဲ့လျှင် ဂျပန်လုပ်ကိုင်ဟန်နှင့် အဖွဲ့အစည်းအပေါ် သဘောထား
သည့် အမြင် မှန်ကန်စွာ ရရှိအောင် မလုပ်နိုင်၍ဖြစ်မည်။
လူဦးရေ သိပ်သည်းထူထပ်စွာနေကြသော ဂျပန်လူမျိုးတို့၏ ထူးခြားသော
စိတ်နေသဘောထားမှာ ပြဿနာမပေါ်ရန်၊ သို့မဟုတ် ပြဿနာကို
ရင်ဆိုင်တိုက်ခြင်းရှောင်ရှား၍ ပြေပြေလည်လည် ညီညွတ်စွာနေထိုင်သော
ဓလေ့ရှိသည်။ ဂျပန်အဖွဲ့အစည်းများနှင့် လုပ်သားများမှာ အေးအတူ
ပူအမျှသဘောဖြင့် အလုပ်ခွင်တွင် သက်ဆုံးတိုင်လုပ်ရန်သဘောကို
လက်ခံလုပ်ကိုင်ကြသည်။ လုပ်သားများ၏ ညဏ်ရည်၊ ခံစားမှု၊ အတွေးအခေါ်
ကိုပါ အလေားထား၍ သူတို့၏ပြဿနာအဖြေရှာရာတွင် ပါဝင်မှုကို
အားပေးသည်။ ယခုအနောက်နိုင်ငံများ၏ စီမံခန့်ခွဲမှုတွင်
လူသားဆက်ဆံရေးကို အလေးပေးလာခဲ့သော်လည်း အမိန့်ပေးခြင်း၊
ထိန်းချုပ်ခြင်းတို့ကို အလေးထားဦးစားပေးသည့် စီမံခန့်ခွဲမှုက စခဲ့သည်။
ဂျပန်စီမံခန့်ခွဲမှုတွင် ဆုံးဖြတ်ချက်ချခြင်းမှာ အလယ်ပိုင်းမှစ၍ အထက်သို့
တက်ရင်း အများသဘောတူညီမှုရရှိပြီး အပေါ်ဆုံးရောက်သည့်အခါ
သဘောတူညီမှု ရရှိသည်။ အတည်ပြုသဘောတူညီမှုရရှိသည်အထိ
အချိန်ကြာသော်လည်း အများ၏ နားလည်လက်ခံသော အဆုံးအဖြတ်ရရှိသည်။
သို့ရာတွင် ကမ္ဘာနှင့်ချီ၍ စီးပွားရေးလုပ်လာရသော ဂျပန်ကုမ္ပဏီများသည်
ယခုအခါတွင် ပြောင်းလဲလာရသည်များလည်း ရှိသည်။ စီးပွားရေးလုပ်ငန်း
အတွက် အမြတ်အစွန်းရရှိရန်လိုအပ်ချက်ကြောင့် ကုန်ကျစရိတ်ကို
ထိန်းချုပ်ရန်ကိုပါ အလေးထားလာရတော့သည်။ အချိန်ပိုင်းလုပ်သား၊
ယာယီလုပ်သားများ သုံးခြင်းကို လိုအပ်သလိုလုပ်လာကြရသည်။
CEO Magazine

Monday, November 3, 2014
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ(၁)
*********************************************
ရေရှည် ယှဉ်ပြိုင်မှုအားသာချက်တစ်ခု ရှိနေသောကုမ္ပဏီများ(၁)
[ဇော်ဝင်းကြူ]
*********************************************
ပိုင်ဆိုင်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့၊ ဒါမှမဟုတ် အလုပ်လုပ်ပေးဖို့ အကောင်းဆုံးကုမ္ပဏီ၊
တစ်နည်းအားဖြင့် အလုပ်အကိုင်တိုးတက်မှု၊ အလုပ်အကိုင်လုံခြုံမှု နဲ့ရေရှည်ငွေရပေါက်လမ်းအတွက် အခွင့်အသာဆုံးကုမ္ပဏီဆိုတာဟာ ရေရှည်ယှဉ်ပြိုင်အားသာချက်တစ်ခုရှိနေတဲ့ ကုမ္ပဏီပါပဲလို့ Warren ကယုံကြည်ထားပါတယ်။ ဒီလိုထိပ်တန်းကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ဈေးကွက်အပေါ်မှာ ချုပ်ကိုင်မှုတစ်ခုရထားပါတယ်။ဆိုလိုတာက ဘယ်တော့မှ တကယ်တမ်းပြောင်းလဲမသွားတဲ့၊ ရောင်းရလွယ်တဲ့
စားသုံးသူစိတ်ကို တစ်ပိုင်းတစ်စပိုင်ဆိုင်ထားတဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေ
ဒီကုမ္ပဏီကြီးတွေဆီမှာ ရှိနေပါတယ်။ ဒီလိုရှိနေတဲ့အတွက် ကုန်စည်လည်ပတ်မှု
များပြီး အကျိုးအမြတ်ရရှိမှုနှုန်းမြင့်မားမယ်။ ဒါဟာ ဒီလိုကုမ္ပဏီမျိုးတွေမှာ မကြာမကြာငွေတွေဖောဖောသီသီဖြစ်နေတတ်တယ်လို့ ဆိုလိုတာပါပဲ။
သူတို့နဲ့မတူတဲ့ ဟိုဘက်ခြမ်းကို ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ဝင်လုပ်ရင်
တော်တယ်လို့ အထင်ခံရဖို့တော်တော်ခက်ခဲတဲ့ ခပ်နုံနုံစီးပွားရေးတွေ ကိုလုပ်နေတဲ့ကုမ္ပဏီတွေကို တွေ့ရမှာပါပဲ။ ဒီလိုကုမ္ပဏီမျိုးတွေကတော့ တတ်ချင်တဲ့အခါထိုးတက်၊ ကျချင်တဲ့အခါဝုန်းခနဲပြုတ်ကျလိုက်နဲ့ သံသရာလည်နေတတ်လို့ သင့်အနေနဲ့ တစ်ချိန်မှာရွှေထီးဆောင်းချင် ဆောင်းရနိုင်ပေမယ့် နောက်တစ်ချိန်မှာအလုပ်လက်မဲ့ပြန်ဖြစ်သွားနိုင်ပြန်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ကို အလုပ်အကိုင်နဲ့ပက်သက်တဲ့ အကြီးမားဆုံးအားသာ
ချက်ကိုပေးနေတဲ့လုပ်ငန်းတွေကတော့ သူတို့ဆီမှာ ရေရှည်ယှဉ်ပြိုင်မှုအားသာ
ချက်တစ်မျိုးမျိုးရှိနေတဲ့ လုပ်ငန်းတွေပါပဲ။ ဒီလိုထိပ်တန်းကုမ္ပဏီကြီးတွေမှာ
လုပ်ငန်းနဲ့ပက်သက်တဲ့ အခြေခံပုံစံမျိုးရှိတယ်လို့ Warren ကတွက်ပြပါတယ်။
အဲဒါတွေကတော့
(၁) ပြိုင်ဘက်မရှိတဲ့ ကုန်ပစ္စည်းတစ်မျိုးကိုရောင်းတာ
(၂) ပြိုင်ဘက်မရှိတဲ့ ၀န်ဆောင်မှုတစ်မျိုးကိုရောင်းတာ
(၃) လူထုအတွက် အဆက်မပြတ်လိုအပ်နေတဲ့ ကုန်ပစ္စည်းတစ်မျိုး ဒါမှမဟုတ်
ဝန်ဆောင်မှုတစ်မျိုးကို ဈေးချိုချိုနဲ့ ရောင်းတာ၊ ၀ယ်တာပါပဲ။

Subscribe to:
Posts (Atom)