**********************
အခွင့်အလမ်း (Opportunity)
[ဆရာချစ်စံဝင်း]
**********************
ယနေ့ခေတ်အခါလောက် မည်သည့်အခါကမျှ အခွင့်အလမ်းကောင်း
များ မပေါ်ပေါက်ခဲ့ဖူးပါ။ ကံကောင်းခြင်းသည် မည်သည့်အခါမှ အခမဲ့
ရောက်လာမည်မဟုတ် အခွင့်အလမ်းနှင့် ပေါင်းစပ်ပြီးမှသာ ရောက်လာ၏။
ကိုယ့်ဆီရောက်မလာပါက ကိုယ်တိုင်က အခွင့်အလမ်းကို သွားရောက်ရှာဖွေသင့်
ပါ၏။ စစ်သူကြီးမဟာဗန္ဓုလသည် အစည်းအဝေးတွင် မင်းချင်းတစ်ဦးအား
တံတောင်ဖြင့် ထထောင်း၍ သူ၏ရဲစွမ်းသတ္တိ နှင့် တာဝန်ယူရဲသော စိတ်ဓာတ်
ကို အသုံးပြုကာ အခွင့်အလမ်းကို ရှာဖွေအရယူခဲ့သောကြောင့် မြန်မာသမိုင်းတွင်
လျှမ်းလျှမ်းတောက် ကျော်ကြား၍ အင်္ဂလိပ် စစ်ဗိုလ်များကပင် ကြောက်ရွံ့
လေးစားရသော မဟာစစ်သူကြီးတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပေသည်။
အခွင့်အလမ်းတို့ ဖြစ်ပေါ်ရာ နေရာ (၇) ခုကတော့-
၁. မမျှော်လင့်ထားသော အဖြစ်အပျက်များ
..................................................
ဥပမာ- ဂျပန်နိုင်ငံ၌ ဆူနာမီငလျင်လှုပ်၍ နူကလီးယားဓာတ်ပေါင်းဖိုများ
ရေဒီယိုသတ္တိကြွမှုဖြစ်ပေါ်ရာမှ ရေလုပ်ငန်း နှင့် ဆားချက်
လုပ်ငန်းများ ရပ်နားသွားရာ မြန်မာနိုင်ငံတွင် ဆားဈေးများ အဆမတန်
မြင့်သွားခြင်း။
၂. ဈေးကွက်အတွင်းမှ လိုအပ်ချက်
..................................................
ဥပမာ- မြန်မာနိုင်ငံအတွင်း ၁၂ လရာသီပွဲတော်များ နှင့် မြန်မာတို့၏
လိုအပ်ကိုတရုတ်နိုင်ငံမှ သိရှိ၍ မြန်မာ့ဈေးကွက်အတွင်း တရုတ်ပစ္စည်းများ
တွင်ကျယ်စွာရောင်းချနေခြင်း။
၃. အားသာသော ယှဉ်ပြိုင်ချက်
..................................................
ဥပမာ- ဂိုးစတား ကုမ္ပဏီသည် ကိုရီးယားတို့၏ ရိုးရာစားစရာ ကင်ချီအိုးများ
ထည့်သွင်းနိုင်သည့် ရေခဲသေတ္တာဖြင့် အခြားရေခဲသေတ္တာများကို အသာစီးရ
ယှဉ်ပြိုင်နိုင်ခဲ့ခြင်း။
၎. အစိုးရ၏ မူဝါဒ အပြောင်းအလဲ
..................................................
ဥပမာ- နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပြောင်းအလဲ၊ အခွန်ကောက်ခံခြင်း၊
ပညာရေး (ပုဂ္ဂလိက စာသင်းကျောင်းဖွင့်လှစ်ခွင့်) စသည့် ပြောင်းလဲခြင်း။
၅. လူဦးရေ သိပ်သည်းမှုအပြောင်းအလဲ
..................................................
ဥပမာ- မြို့ကြီးများသို့ ရွှေ့ပြောင်းနေထိုင်သူ များပြားလာတာနဲ့အမျှ
သယ်ယူပို့ဆောင်ရေး၊ အိမ်ခြံမြေ ငှားရမ်းရောင်းချခြင်း၊ စားသောက်ကုန်
ထုတ်လုပ်ရောင်းချ ၀န်ဆောင်မှုပေးခြင်း။
၆. လူနေမှုပုံစံအပြောင်းအလဲ နှင့် တန်ဖိုးအပြောင်းအလဲ
..................................................
ဥပမာ- ပညာရေးတွင် ကျူရှင်ကျောင်းများ အရင်ထက်ပိုမိုတွင်ကျယ်လာခြင်း၊
အမျိုးသမီးများ အိမ်မှုကိစ္စထက်လုပ်ငန်းများတွင် ဦးဆောင်လုပ်ကိုင်လာခြင်း။
၇. အသိပညာနယ်ပယ်အသစ်များ ဖြစ်ပေါ်လာခြင်း
..................................................
ဥပမာ- အိုင်တီနယ်ပယ်တွင် ယခင်နှင့်မတူ နည်းပညာအသစ်များတိုးတက်
ပြောင်းလဲခြင်း၊ စိုက်ပျိုးရေးသုံး ကိရိယာများ ဆန်းသစ်တီထွင်နိုင်ခြင်း၊
စစ်လက်နက်ပစ္စည်းများ ခေတ်မှီတိုးတက်လာခြင်း။
စသည့် နေရာများတွင် အခွင့်အလမ်းများ စုပုံနေတတ်ပါသည်။
ထူးခြားသည်မှာ အခွင့်အလမ်းသည် သင်ကဖမ်းလေလေ သင့်ဆီ
ကိုပြေးလာလေလေဖြစ်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကို အကောင်းမြင်
စိတ်ဖြင့် လွန်လေပြီးသော အခွင့်အလမ်းတို့မှ သင်ခန်းစာယူကာ ရောက်
လာမည့်အခွင့်အလမ်းသစ်များကို ဖမ်းယူနိုင်ဖို့ ပြစ်တင်ဝေဖန်မှုများမှ
ရုန်းထွက်ကာ ကြိုးစားသင့်ပါကြောင်း။
(အခွင့်အလမ်းကို တွေ့အောင်ရှာ၊ မိအောင်ဖမ်း)