*******************************
ကိုကာကိုလာကုမ္ပဏီ၏ ဦးဆောင်စီအီးအို
Bryan Dyson ၏ စက္ကန့်၃၀ စာ မိန့်ခွန်း
*******************************
ဘ၀ဆိုတာကို ဘောလုံး ၅ လုံးကို ချိန်ဆပစ်မြောက်ကစားရတဲ့
ကစားပွဲတစ်ခုလို့ စိတ်ကူးကြည့်ပါ။ အဲဒီ ဘောလုံး ၅ လုံးကို
နာမည်တပ်လိုက်တဲ့အခါ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေ၊ စိတ်ဓာတ်
လို့သဘောထားပြီး လေထဲကို ဆက်လက်ပစ်မြောက်ကစားကြည့်ပါ။
မကြာခင်မှာ အလုပ် ဆိုတဲ့ဘောလုံးဟာ ရာဘာဘောလုံးဖြစ်တယ်ဆိုတာ
သင်သဘောပေါက်လာပါလိမ့်မယ်။ သင်ပစ်ချလိုက်တိုင်းမှာ သင့်ဆီကို
တန်ပြန်ရောက်လာလိမ့်မယ်။ ဒါပေမယ့် အခြားဘောလုံး ၄ လုံးဖြစ်တဲ့
မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေအပေါင်းအသင်း၊ နဲ့ စိတ်ဓာတ်တို့ဟာ
ဖန်နဲ့လုပ်ထားတဲ့ ဘောလုံးတွေဖြစ်နေပါတယ်။ တကယ်လို့ သူတို့ထဲက
တစ်ခုခုကို သင်လွှတ်ချလိုက်ရင် အဲဒီဘောလုံးဟာ ပြန်လည်ပြင်ဆင်လို့
မရနိုင်တဲ့ ထိခိုက်မှုတွေ၊ အမာရွတ်တွေ၊ ဒဏ်ရာတွေ၊ ပျက်ဆီးမှု
ဒါမှမဟုတ် လုံးဝကို ကွဲကြေသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။
အဲဒီဖြစ်သွားခဲ့ရင် အရင်တိုင်း ပြန်မဖြစ်နိုင်တော့ဖို့ များပါတယ်။
ဒါကို သင်ကောင်းကောင်းနားလည်ပြီး ကိုင်တွယ်တတ်ဖို့လိုပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်မှာ အလုပ်ချိန်အတွင်း ထိထိရောက်ရောက်နဲ့
ကြိုးစားလုပ်ဆောင်ပြီး အလုပ်ချိန်ပြီးတာနဲ့ အလုပ်ထဲကအချိန်မှန်ထွက်လာဖို့
လိုပါတယ်။ ဒါမှသာ သင့်တနေ့တာရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို
သင့်မိသားစု၊ အပေါင်းအသင်း တွေကို ပေးနိုင်ပြီး သင့်အတွက်လည်း
ကောင်းမွန်သော အနားယူခြင်းနဲ့အတူ ဘ၀ကို အကောင်းကို ရပ်တည်သွား
နိုင်မှာ ဖြစ်ပါတယ်။
တန်ဖိုးဆိုတာ တန်ဖိုးကိုသိပြီး တန်ဖိုးထားတတ်မှ တန်ဖိုးရှိတာပါ။
(မြန်မာချစ်သူမိသားစု)
No comments:
Post a Comment