Wednesday, January 15, 2014

ချမ်းသာကြွယ်ဝမှုနှင့် အလုပ်အကိုင် အမျိုးအစား

*********************************
ချမ်းသာကြွယ်ဝမှုနှင့် အလုပ်အကိုင် အမျိုးအစား
[ဆရာချစ်စံဝင်း]
*********************************

လောကတွင် ဘယ်အလုပ်ကို လုပ်ကိုင်မှ ကြီးပွားချမ်းသာမည်ဟု ဆိုသည်
မှာ မရှိပါ။ ချမ်းသာကြွယ်ဝသူများသည် ပုံစံမတူ နောက်ခံလုပ်ငန်းတစ်မျိုး
တည်းနှင့် ချမ်းသာလာကြခြင်း မဟုတ်ပါ။ မတူညီသည့် ကျောထောက်
နောက်ခံများနှင့် ချမ်းသာကြွယ်ဝလာခြင်း ဖြစ်ပါသည်။

အချို့လည်း ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် ချမ်းသာ
ကြသည်။ အချို့လည်း ပုစွန်၊ ကဏန်း၊ ငါးလုပ်ငန်း၊ အချို့လည်း ငါးပိ၊
ငါးခြောက်၊ ငံပြာရည်လုပ်ငန်း၊ အချို့လည်း အထည်ယက်လုပ်ငန်း၊ အချို့
လည်း ဆေးလိပ်လုပ်ငန်း စသည်ဖြင့် ချမ်းသာကြွယ်ဝမှု ကျောထောက်
နောက်ခံ လုပ်ငန်း အမျိုးမျိုးရှိပါ၏။

ယနေ့ တီဗွီ၊ ဗွီဒီယို၊ မဂ္ဂဇင်းများတွင် ကြော်ငြာသော လုပ်ငန်းများကို
လေ့လာပါက အချို့လည်း တိုင်းရင်းဆေးဖော်စပ်ရောင်းချခြင်းဖြင့် ချမ်းသာ
သူများရှိ၍ အချို့လည်း သနပ်ခါးအမှုန့်ကြိတ် လုပ်ငန်းနှင့် ချမ်းသာသူများ
ရှိပါ၏။

တစ်ခါတစ်ခါ ကိုယ်မထင်သည့်လူ၊ ကိုယ်မထင်သည့်လုပ်ငန်းသည် အလွန်
ချမ်းသာသည့်လူ၊ အလွန်ဝင်ငွေကောင်းသည့်လုပ်ငန်းဖြစ်နေတတ်ပါ၏။
ချမ်းသာကြွယ်ဝမှုကို သူစီးသည့်ကား၊ သူ့အ၀တ်အစားနှင့် သူပြောသော
စကားများနှင့် ခဏချင်း အကဲဖြတ်၍ မရပါ။

ထို့ကြောင့် ငွေရှာသည့်လုပ်ငန်းများကို သေးသည်ကြီးသည်ဟူ၍ အထင်
သေးခြင်း၊ ကြီးခြင်း မရှိပါနှင့်။ လုပ်ငန်းများကို စိစစ်ပါ။ လုပ်ငန်းကျွမ်းကျင်
မှုရှိအောင် မိမိ ညဏ်ရည်ညဏ်သွေးကို မြှင့်တင်ထားပါ။


No comments:

Post a Comment