******************
ငွေရှာဖို့ ငွေမလိုပါဘူး
[ကိုညီညီနိုင်]
******************
လူတွေမကြာခဏပြောနေကျ စကားတစ်ခွန်းကို ကျွန်တော်ကြားဖူးပါတယ်။
"ငွေရှာတယ်ဆိုတာ ငွေရှိမှဖြစ်တာ" တဲ့။
ဒီစကားကို ကျွန်တော်လက်မခံပါဘူး။ ချမ်းသာကြီးပွားဖို့အရေးမှာ
ထိတ်ထိတ်ကြဲပညာတတ်ကြီးဖြစ်ဖို့လည်း မလိုပါဘူး။ ကျောင်းမှာ ကျွန်တော်
နှစ်ပေါင်းများစွာသင်ခဲ့ရတဲ့ ကားကုလပ်စ်သင်္ချာ၊ ထရီဂိုနိုမက်တြီ၊ ဓာတုဗေဒ၊
ရူပဗေဒ၊ ပြင်သစ် နှင့် အင်္ဂလိပ်စာပေ ဆိုတာတွေနှင့် စီးပွားရေးလုပ်ငန်းခွင်မှာ
သိပ်ပတ်သက်ဆက်နွှယ်မှု မရှိလှပါဘူး။
ထိပ်တန်းရောက်အောင်မြင်သူအများစုဟာ ကောလိပ်က ဘာဘွဲ့မှမရဘဲ
ကျောင်းထွက်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဂျင်နရယ်အီလက်ထရွန်းနစ်
ကုမ္ပဏီကြီးကို တည်ထောင်ခဲ့တဲ့ သောမတ်စ်အက်ဒီဆင်၊ ဖို့ဒ် မော်တော်ကား
ကုမ္ပဏီကို တည်ထောင်သူ ဟင်နရီဖို့ဒ်၊ မိုက်ကရိုဆော့ဖ်ကိုထောင်တဲ့
ဘီလ်ဂိတ်၊ စီအင်န်အင်န်ပိုင်ရှင် ယက်တန်နာ၊ ဒဲလ်ကွန်ပျူတာလုပ်ငန်းတွေကို
စထောင်ခဲ့သူ မိုက်ကယ်ဒဲလ်၊ အက်ပဲလ်ကွန်ပျူတာရဲ့အရှင်သခင် စတိဗ်ဂျော့စ်၊
ပိုလိုကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ ရပ်ဖ်လော်ရင်းတို့ အပါအ၀င်ပါပဲ။
ကောလိပ်ကျောင်းကပညာတွေဟာ ရှေးရိုးရာအသက်မွေးဝမ်းကျောင်းလုပ်ငန်း
တွေအတွက် အရေးကြီးပေမယ့် အထက်ကပုဂ္ဂိုလ်တွေ အဆမတန်ကြွယ်ဝချမ်း
သာခဲ့တဲ့ အကြောင်းရင်းတွေက မဟုတ်ခဲ့ပါဘူး။ ကျွန်တော်ခဏတိုင်း
အမေးခံခဲ့ရပါတယ်။ "ငွေရှာဖို့ ငွေရှိဖို့မလိုဘူးဆိုရင် ပြီးတော့ ကျောင်းတွေက
စီးပွားရေးလွတ်မြောက်နည်းသင်မပေးခဲ့ဘူးဆိုရင် တခြားဘာလိုမလဲ"
ကျွန်တော့်အဖြေကတော့ - မျှော်လင့်ရည်မှန်းချက်ဆိုတဲ့ အိပ်မက်တစ်ခုရှိ
ရမယ်။ ဆုံးဖြတ်ချက်တွေ တစ်သီကြီးရှိရမယ်။ စီးပွားရေးပညာ အမြန်သင်ကြား
ဖို့ စိတ်အားထက်သန်မှုရှိရမယ်။ ဘုရားပေးတဲ့စွမ်းပကား သို့မဟုတ်
တစ်ဦးချင်းပိုင်ဆိုင်ရရှိတဲ့ အရည်အသွေးတွေကို အသုံးချရမယ်။ ပြီးတော့
ငွေဝင်လမ်း ပုံစံ ၄ မျိုးမှာ ကိုယ် ဘယ်အကွက် ဘယ်အစိတ်အပိုင်းမှာ
ရောက်နေသလဲ နားလည်ရမယ်။
E = အလုပ်သမား၊ ၀န်ထမ်း
S = ကိုယ်တိုင်လုပ် ကိုယ်ပိုင်လုပ်ငန်း (အသေးစားလုပ်ငန်း)
B = လုပ်ငန်းရှင်ကြီး
I = ရင်းနှီးမြှုပ်နှံသူ၊ ငွေရှင်
ဝင်ငွေရယူပုံနည်းလမ်းတွေ မတူတာနဲ့အမျှ စိတ်နေသဘောထားချင်းလည်း
မတူကြသလို၊ နည်းပညာ၊အတတ်ပညာတွေလည်း ကွဲပြားပါတယ်။
ပညာသုံးပုံချင်းကွဲပြားရာက လူအမျိုးအစားပုံစံတွေလည်း ခြားနားသွားပါတယ်။
ငွေဆိုတာ တစ်မျိုးတည်းဖြစ်ပေမယ့် ငွေရှာနည်းတွေကျတော့ အကြီးအကျယ်
ကွဲပြားသွားတယ်။
တစ်ကန့်တည်းမှာ လုပ်ငန်းတူလုပ်နေတဲ့ လူလူချင်းတောင်အရည်အသွေးနှင့်
ကျွမ်းကျင်မှုအလျောက် အဆင့်အတန်းကွာခြားနေတာမျိုးတွေ့လိမ့်မယ်။
အကန့်တစ်ခုကနေ နောက်တစ်ခုကိုပြောင်းဖို့ဆိုတာကတော့ မနက်အစောကြီး
ဂေါက်သီးရိုက်ပြီး ညဘက်မှာ ဘဲလေးကပွဲသွားကြည့်သလို တွေ့ကြုံခံစား
ရတာချင်းကွာပါ့။
အဲဒီတစ်ကန့်ချင်းအနေနှင့် သန်းချီချမ်းသာသွားတဲ့လူတွေ ရှိတာနဲ့အမျှ
ဘဏ်ကြွေးတွေထောင်းလို့ ဒေ၀ါလီခံလိုက်ရတဲ့လူတွေလည်းအများကြီး။
တစ်ကန့်စီရဲ့ မတူခြားနားတဲ့ သွင်ပြင်လက္ခဏာတွေသိထားရင်
ခင်ဗျားအနေနဲ့ ဘယ်အကန့်က အကောင်းဆုံးဖြစ်မလဲလို့၊ ဒါမှမဟုတ်
သူ့ဆိုင်ရာအကန့်လိုက် အကြံကောင်းညဏ်ကောင်းတွေထုတ်ယူလို့ရပါတယ်။
ကျွန်တော်တို့အတွက် ငွေဟာတကယ်အရေးကြီးပါတယ်။ သို့သော်လည်း
ဘ၀ကို ငွေအတွက်လုပ်ရုံသက်သက် အချိန်မဖြုန်းသင့်ပါဘူး။ မလုပ်မဖြစ်
လုပ်ရမယ်ဆိုရင်တော့ တစ်သက်လုံးအားစိုက်ထုတ်ပြီး လုပ်ရမှာထက်
ရတဲ့ငွေကို ပြန်ခိုင်းဖို့သာဆန္ဒရှိဖို့လိုပါတယ်။
Rich Dad's Cashflow Quadrant
.jpeg)
No comments:
Post a Comment