ငွေကို မိတ်ဆွေလို ဆက်ဆံပါ
[ဆရာချစ်စံဝင်း]
*******************************
သင် ကြီးပွားချမ်းသာလိုပါက ပထမဆုံး လိုက်နာရမည့် ကိစ္စမှာ ငွေကို
မိတ်ဆွေလို ဆက်ဆံရန်ဖြစ်၏။ ငွေကို မိတ်ဆွေလို မဆက်ဆံနိုင်သမျှ
သင်သည် ဘယ်သောအခါမှ သူဌေးဖြစ်မည် မဟုတ်ပါ။ ငွေကို မိတ်ဆွေ
လို ဆက်ဆံရေးအတွက် သင်သည်...
ပထမ- ငွေနှင့်ပက်သက်သော အတင်းအဖျင်းစကားများ၊ ယုံတမ်း
စကား၊ ပုံပြင်များကို ဂရုမစိုက်ပါနှင့်။ သင့်မိတ်ဆွေ အကြောင်း ပြော
သည့် အတင်းအဖျင်းများကို အဘယ်ကြောင့် သင်ယုံနေပါမည်နည်း။
ဒုတိယ- မိတ်ဆွေများသည် ကောင်းကျိုးရော ဆိုးကျိုးပါ ပေးတတ်
သလို ငွေကလည်း ကောင်းကျိုးရော ဆိုးကျိုးပါ ပေးနိုင်ပါသည်။
ငွေက ကောင်းကျိုးပေးဖို့နှင့် ဆိုးကျိုးပေးဖို့ ကိစ္စ နှစ်ရပ်တွင် သင်က
ငွေကို ဘယ်လိုအသုံးချသလဲဆိုသည့် အချက်ပေါ်တွင် မူတည်ကြောင်း
သတိထားရှိပါ။
တတိယ- တစ်ခုသတိပြုရန်မှာ ငွေကြေးပြည့်စုံမှ သင်သည် သင့်ဆွေမျိုး
မိဘ နှင့် အခြားသူများကို ကူညီနိုင်မည်။ သင် ဆင်းရဲနေလျှင် ဘယ်သူ့
ကိုမှ မကူညီနိုင်၊ ဘာဒါနမှ မပြုလုပ်နိုင်ဟူသော အချက်ကို မှတ်သား
ထားပါ။
စတုတ္ထ- ငွေကြေးရှာဖွေသုံးစွဲမှုကို သုံးချောင်းထောက် ခွေးခြေလို
သဘောထားပါ။
(က) ငွေကိုရှာပါ
(ခ) ငွေကိုစုပါ
(ဂ) အမြော်အမြင်ရှိရှိ နှင့် ရင်းနှီးပါ
သင်မုချ ကြွယ်ဝချမ်းသာလာပါမည်။
No comments:
Post a Comment