Thursday, February 20, 2014

ဆိုက်ဘာရာဇ၀တ်မှု (Cyber Crime)

***************************
ဆိုက်ဘာရာဇ၀တ်မှု (Cyber Crime)
***************************


ယနေ့တိုးတက်လာသည့် ခေတ်အခါသမယတွင် နည်းပညာ၏
အကူအညီဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး
စသည့်နယ်ပယ်များ၌ ယခင်နှင့်မတူ များစွာချဲ့ထွင်
လုပ်ဆောင်နိုင်လာပါသည်။ အထူးသဖြင့် အင်တာနက်ဟု
ခေါ်သောကမ္ဘာနှင့်ချိတ်ဆက်ထားသော ကွန်ယက်နည်းပညာ
အားဖြင့် ကမ္ဘာကြီးသည် ရွာကြီးတစ်ခုအလား လွယ်ကူစွာ
ဆက်သွယ်နိုင်ခြင်းဖြင့် ပညာရပ်များ၊ အတွေ့အကြုံများအား
မျှဝေပေးနိုင်လာပါသည်။ သို့သော် အကောင်းဘက်၌
တိုးတက်မှုများရှိလာသကဲ့သို့ မကောင်းမှုများမှာလည်း
ပိုမိုလွယ်ကူစွာပေါက်ဖွားလာလျက်ရှိရာ အင်တာနက်ကို
နှစ်ဖက်ချွန်ဓားဟုပင် ဆိုရမလိုပင် အငြင်းပွားစရာဖြစ်လာပါသည်။

ကွန်ပျူတာနည်းပညာကို အသုံးပြု၍ ရာဇ၀တ်မှုဥပဒေများကို
ချိုးဖောက်ခြင်းတနည်းအားဖြင့် လုံခြုံရေးစနစ်အတွင်း
ထိုးဖောက်ဝင်ရောက်ခြင်း၊ အချက်အလက်များခိုးယူခြင်း
သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်း တို့ကဲ့သို့ ချိုးဖောက်ခြင်းကို
ဆိုက်ဘာရာဇ၀တ်မှုများဟုတ် သတ်မှတ်ထားကြပါသည်။
သတင်းအချက်အလက်နှင့် နည်းပညာသည် အဖွဲ့အစည်းများ
လူပုဂ္ဂိုလ်များ စွမ်းဆောင်နိုင်မှု နှင့် ထိထိရောက်ရောက်
လုပ်ဆောင်နိုင်မှု တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်
စတင်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော် တကိုယ်ရေအကျိုးအမြတ်
အတွက် ဖြတ်လမ်းနည်းဖြင့် လုပ်ဆောင်လာခြင်းကြောင့် ဆိုက်ဘာရာဇ၀တ်မှုများမှာ တနေ့တခြားများပြားလွှမ်းမိုးလာ
ပါတော့သည်။

ဆိုက်ဘာရာဇ၀တ်မှုများကို ကျူးလွန်လေ့ရှိသောဖြစ်ရပ်ပုံစံများမှာ

- ၀ဘ်လိပ်စာအတုအယောင်များ
အတုဟုတ်မဟုတ်ခွဲခြားရန် ခက်ခဲပြီး နာမည်ကြီး ၀ဘ်ဆိုက်များ
ပုံစံအတိုင်းပြုလုပ်ထားလေ့ရှိပါသည်။

- တရားမ၀င်ငွေကြေးလွှဲယူခြင်း
ဘဏ်အကောင့်များမှငွေကြေးခိုးယူခြင်း။

- ဘဏ်အတုအယောင်များ
တရားဝင်အွန်လိုင်းရောင်းဝယ်ခြင်းအတွက် ဘဏ်မှတဆင့်ငွေချေမှုများမှ
ဝယ်ယူသူ၏ အကြွေးဝယ်ကဒ်အချက်အလက်များခိုးယူခြင်း။

- ကြိုတင်ငွေပေးချေမှုအတုယောင်များ
ဒေါ်လာသန်းချီရနိုင်မည့်အခွင့်အရေးအတွက် ငွေကြေးအနည်းငယ်ထည့်၍
ပါဝင်နိုင်သည်ဟု ဆွဲဆောင်တောင်းခံခြင်း။

- ရည်ရွယ်ချက်ဖြင့်တိုက်ခိုက်နိုင်သောဆော့ဖ်ဝဲလ်များ
ကွန်ပျူတာအတွင်းဝင်ရောက်ကာ အသုံးပြုသူ၏ အချက်အလက်များခိုးယူ
အသုံးချခြင်း။

- စတော့အိပ်ချိန်းအလိုလျောက်လည်ပတ်မှု
ကွန်ပျူတာ ပရိုဂရမ်ဖြင့် စတော့အိပ်ချိန်းတွင် ရောင်းခြင်းဝယ်ခြင်းများ
အတုအယောင်ဖန်တီး၍ ဈေးကစားခြင်း။

- မှတ်ပုံတင်သက်သေခံများခိုးယူခြင်း
လူတစ်ယောက်၊ လုပ်ငန်းတစ်ခု၏ သက်သေခံအချက်အလက်များအား
ခိုးယူ၍ အဖွဲ့အစည်းများ၊ ရင်နှီးမြှုပ်နှံမှု နှင့် ချေးငွေလုပ်ငန်းများ၌လိမ်လည်
ခြင်း။

စသည်တို့ဖြစ်ကြပါသည်။

Bookboon

No comments:

Post a Comment