Monday, February 10, 2014

Chain Store ဆိုသည်မှာ

***************
Chain Store ဆိုသည်မှာ
***************

Chain ဆိုတာကတော့ တစ်ဆက်တည်းဖြစ်နေတဲ့ ကြိုးတစ်ချောင်းကို
ဆိုလိုတာ ဖြစ်ပါတယ်။ Chain Store ဆိုတာကတော့ ဆိုင်ခွဲပေါင်း
မြောက်မြားစွာဟာ နာမည်တူ Brand တစ်ခုတည်းရဲ့အောက်မှာရှိပြီး
ဗဟိုစီမံခန့်ခွဲစနစ်နဲ့ လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လက်လီ
အရောင်းဆိုင်တွေဖြစ်တဲ့ Grocery Store ၊ Department Store၊ ဆေး
ဆိုင်တွေသာမက အ၀တ်အထည်နဲ့ မုန့်ဆိုင်တွေ စတဲ့ဘယ်ဆိုင်
အမျိုးအစားမဆို နာမည်တူဆိုင်ခွဲပေါင်း မြောက်မြားစွာရှိမယ်ဆိုရင်
Chain Store တွေလို့ သတ်မှတ်လို့ရပါတယ်။ များသောအားဖြင့်
လုပ်ငန်းလုပ်ပုံလုပ်နည်းတွေကို တူညီတဲ့ စံနှုန်းသတ်မှတ်ထားပြီး
လက်ကားရောင်းတဲ့သူတွေ၊ ကုန်ထုတ်လုပ်တဲ့သူတွေဆီက အလုံးအရင်း
အဖြစ်ဝယ်ယူခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာအောင် ပြုလုပ်ပြီး
စားသုံးသူတွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ၀ယ်ယူစားသုံးနိုင်အောင်
ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အဓိက ကတော့ တူညီတဲ့ရောင်းကုန်
တွေကိုသာ ရောင်းချပေးတာဖြစ်ပါတယ်။

Chain Store လို့မသတ်မှတ်ခင် စတိုးဆိုင်ခွဲတွေကို သက်ဆိုင်ရာ
အစိုးရက သတ်မှတ်စစ်ဆေးတာတွေရှိပါတယ်။ Chain Store လုပ်ငန်း
တစ်ခုရဲ့ အောက်မှာဆိုရင် ဆိုင်ခွဲပေါင်း ဆယ်ဆိုင်ထက်မနည်းရှိပြီး
ရုံးချုပ်တစ်ခုပါရှိပါတယ်။ ဒါမှမဟုတ် နာမည်တူ Brand တစ်ခုရဲ့
လုပ်ငန်းလုပ်ပိုင်ခွင့်ယူပြီး လူသိရှင်ကြားရောင်းဝယ်ဖောက်ကားလို့လည်း
ရပါတယ်။ဥပမာ လုပ်ငန်းလုပ်ပိုင်ခွင့် (Franchise) ပေးလိုက်တဲ့
သဘောကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Chain လုပ်ငန်း
အမျိုးအစားဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွင်ကျယ်စွာ ၀င်ရောက်
နေရာယူလာတာကို တွေ့ရပါတယ်။

ကိုပြည့်

No comments:

Post a Comment