Thursday, February 6, 2014

ကော်ပိုရိတ်မဟာဗျူဟာ

******************
ကော်ပိုရိတ်မဟာဗျူဟာ
[ဒေါ်ရီရီမြင့်]
******************

Strategy မဟာဗျူဟာဆိုသည့် ဝေါဟာရမှာ စစ်ပွဲများနှင့်ပက်သက်၍
အသိများသည်။ Strategy ကိုမဟာဗျူဟာဟု ခြုံငုံသည့်ဗျူဟာအဖြစ်သုံးပြီး
Tactics ကိုနည်းဗျူဟာဟု သုံးသည်။

ယခုအခါတွင် စီးပွားရေးလောကနှင့်ပက်သက်၍ အထူးသဖြင့် Corporate
လုပ်ငန်းကြီးများက စီးပွားရေးအောင်မြင်မှုအတွက် တိုက်ပွဲဆန်ဆန်အသုံး
အနှုန်းများဖြင့် ပြင်ဆင်ရင်ဆိုင်ကြသည်။ Corporate Strategy အောက်
တွင် ထုတ်လုပ်ရေး၊ ရောင်းချဖြန့်ဖြူးရေး၊ ဘဏ္ဍာရေး၊ စာရင်းကိုင်ကိစ္စ၊
ဝန်ထမ်းလူသားစီမံခန့်ခွဲမှုစသည်တို့အားလုံး အကျုံးဝင်သည်။

Business Consultant များကလည်း Corporation များအတွက်ထားရှိသော
မျှော်မှန်းမှုများကို နှစ်ပတ်လည်အစီရင်ခံစာများ၌ Mission Statement များ
ဖြင့် လှပသားနားစွာ ဖော်ပြလာကြသည်။ ထည်ဝါလွန်းသော Mission
Statement များကိုလည်း တွေ့ရတတ်သည်။ Mission Statement တစ်ခု
တွင် များသောအားဖြင့်အောက်ပါ သုံးချက်ကို ဖော်ပြလေ့ရှိသည်။

Mission
အောင်မြင်မှုရရှိရမည်ဟု ခံယူထားသောတာဝန်

Values
မိမိလုပ်ငန်း၏ပုံစံနှင့်ဟန် ပြောင်းလဲမှုမရှိသော အလေးထားတန်ဖိုးထား
သည့်လုပ်ကိုင်ပုံ

Vision
မျှော်မှန်းဦးတည်ထားသည့်အတိုင်း မည်သည့်နှစ်တွင် ဖြစ်ရမည်

သို့ရာတွင် Mission Statement သည် Strategy မဟာဗျူဟာတော့
မဟုတ်ပါ။ Corporate Strategy ကိုဆုံးဖြတ်ချက်များချမှတ်ရန် နည်းဥပဒေ
အဖြစ် အချို့က လက်ခံအသုံးပြုသည်။ Strategic Decisions များက
အောက်ပါမေးခွန်းများကို အဖြေပေးနိုင်ရသည်။

-လုပ်ငန်း၏ရည်မှန်းချက်များ၊ ပန်းတိုင်များမှာ မည်သည့်အရာများဖြစ်သည်
-လုပ်ငန်းအနေဖြင့် မည်သို့မည်ပုံ တိုးချဲ့ရမည်
-လုပ်ငန်းထုတ်ကုန်နှင့် လက်ရှိဈေးကွက်ကို မည်သို့တိုးချဲ့ပိုမိုအောင်မြင်
အောင်လုပ်ရမည်

လုပ်ငန်းအလုပ်များကို တစ်နေ့အလုပ်တစ်နေ့ပြီးနေရုံ လုပ်နေ၍မရ။
အနာဂတ်အလားအလာ၊ လက်ရှိအခြေအနေတို့ကို သုံးသပ်၍ အကိုက်ညီ
ဆုံးဖြစ်မည့် Strategy ကိုချမှတ်ခြင်း၊ အကောင်အထည်ဖော်မည့်အစီအစဉ်
များကို စီမံခြင်း၊ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ထိန်းသိမ်းခြင်းတို့
ဖြင့် Corporate Strategy ကိုအောင်မြင်မှုရစေရမည်။


CEO Magazine

No comments:

Post a Comment