Tuesday, March 4, 2014

ငွေစုခြင်း

*******
ငွေစုခြင်း
[ဆရာချစ်စံဝင်း]
*******

ငွေစုခြင်းဆိုသည်မှာ မိမိဝင်ငွေမှ ရသောပိုက်ဆံကို မိမိကိုယ်မိမိ
ပေးခြင်းဖြစ်၏။ ကျန်ငွေသည် သူများကို ပေးရသဖြင့် ကုန်သွားသော
ငွေဖြစ်၏။

သင် ပင်ပင်ပန်းပန်း ရှာဖွေထားသောငွေမှ ၁၀ ရာခိုင်နှုန်းကို
သင့်ကိုယ်သင် ပေးသင့်ပါသည်။ ဤကိစ္စသည် တရားသောကိစ္စ၊
သင့်ဘ၀နောင်ရေးကိစ္စဖြစ်၍ သင့်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်း စုခြင်းကို
မဖြစ်မနေ ဆောင်ရွက်ပါ။

၉၀ ရာခိုင်နှုန်းကို သင့်စားဝတ်နေရေးအတွက် အသုံးပြုပါ။ စားဝတ်
နေရေးအတွက် အသုံးပြုသော ၉၀ ရာခိုင်နှုန်းသည် သင် သုံးပစ်
လိုက်သော ငွေများဖြစ်၍ သင်စုဆောင်းလိုက်သော ၁၀ ရာခိုင်နှုန်း
သည်သာ သင်တကယ်ပိုင်သော ငွေဖြစ်၏။

အဓိက သော့ချက်မှာ သင်စုပြီးမှ ကျန်တာကို သုံးပါ။
သင်သုံးပြီးမှ ကျန်တာကို မစုပါနှင့်။ သင်သုံးပြီးမှ ကျန်တာကို
စုမည်ဟု စိတ်ကူးပါကစုဆောင်းစရာငွေ ဘာမျှကျန်တော့မည်
မဟုတ်ပါ။ ထို့ကြောင့် စုပြီးမှ ကျန်ငွေကို သုံးပါ။


No comments:

Post a Comment