ဂျပန်အီလက်ထရွန်းနစ်ကုမ္ပဏီ Sony ကလူ့ခန္ဓာကိုယ်မှာ သွေးဖိအားကနေ
ဦးနှောက်လှိုင်းတွေ လှုပ်ရှားမှုအထိ တိုင်းတာနိုင်မည့် အာရုံခံကိရိယာတွေ
ပါဝင်တဲ့ SmartWig ခေါင်းစွပ်ကို အမေရိကန်မှာ မူပိုင်ခွင့်လျှောက်ထား
လိုက်ပါတယ်။ ဒီခေါင်းစွပ်ဟာ မျက်မမြင်တွေကို အခြားအကူအပံ့တွေ
မလိုဘဲ သွားလာနိုင်အောင် ကူညီတာလိုမျိုး လက်တွေ့အသုံးဝင်မှုများစွာ
ပါဝင်ပါတယ်။ ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်လည်း အသုံးတည့်
နိုင်ပါတယ်။ Google က Google Glass မျက်မှန်ကို မနှစ်မေလတုန်းက
ထုတ်လုပ်ခဲ့သလို Samsung ကလည်း Glaxy Gear စမတ်ဖုန်းလက်ပတ်
နာရီကို စက်တင်ဘာလမှာ ထုတ်လုပ်ခဲ့တယ်။ ဒီကုန်စည်တွေကို လူကြိုက်
များခဲ့ပေမယ့် ကုန်ကျတာနဲ့အကျိုးရှိတာကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
Sony Europe ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနည်းပညာဟာ အခြေခံ
သုတေသနအဆင့်မှာပဲရှိသေးပြီး ဈေးကွက်တင်ဖို့ မဆုံးဖြတ်ရသေးဘူးလို့
ပြောပါတယ်။ Sony ဟာ နာမည်ကျော်ဂိမ်းကစားစက်ဖြစ်တဲ့ Playstation 4
ကို မနှစ်နိုဝင်ဘာမှာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်
ဖြန့်ချီခဲ့ပါတယ်။
CEO Magazine

No comments:
Post a Comment