Monday, March 17, 2014

ထူးကဲပြောင်မြောက်သောဖွဲ့စည်းမှု

***************************
ထူးကဲပြောင်မြောက်သောဖွဲ့စည်းမှု
[ဒေါ်ရီရီမြင့်]
***************************

စီးပွားရေးကော်ပိုရေးရှင်းတွေရဲ့ အောင်မြင်မှု၊ ရပ်တည်မှုတို့မှာ များစွာ
ရှုပ်ထွေးပြီး အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ အဆုံးမှာ တစ်ခုနဲ့တစ်ခု
ဆက်စပ်နေတဲ့ "S" ခုနှစ်လုံးပါတဲ့ ဘောင်တစ်ခုအဖြစ်ချုပ်ပြီး ထူးချွန်
အောင်မြင်မှု အကြောင်းတွေ ဖော်ထုတ်ခဲ့ပါတယ်။

"S" ခုနှစ်လုံးမှာ Structure ဆိုတဲ့ တည်ဆောက်မှု၊ Strategy ဆိုတဲ့ မဟာဗျူဟာ၊System ဆိုတဲ့ စနစ်၊ Staff ဆိုတဲ့ ၀န်ထမ်းတွေ၊ Style ဆိုတဲ့ လုပ်ကိုင်ဟန် ၊Skill ဆိုတဲ့ ကျွမ်းကျင်မှု နဲ့ Shared Values ဆိုတဲ့ တူညီစွာလက်ခံကြတဲ့ တန်ဖိုးထားမှုတို့ ဖြစ်ပါတယ်။

ဒါ့ပြင် စီမံခန့်ခွဲမှု ဘာသာရပ်မှာ လက်ခံကျင့်သုံးနေတဲ့ ဓမ္မဓိဌာန်အယူအဆတွေမှာ မှန်နိုင်တာထက် မှားနိုင်တာတွေလည်းရှိတာကို ထောက်ပြပြီး ထူးချွန်စွာကောင်းမွန်တဲ့ အဖွဲ့အစည်းတွေမှာတွေ့မြင်ရတဲ့ အချင်းလက္ခဏာတွေကို ထောက်ပြပါတယ်။

(၁) Bias for Action - လုပ်စရာရှိရင်သိပ်မတွေဝေဘဲ ထလုပ်တဲ့အလေ့အထ

(၂) Close to the Customer - မိမိကုန်ပစ္စည်းကို ၀ယ်ယူအသုံးပြုသူတွေနဲ့
နီးနီးကပ်ကပ်ရှိပြီး ယင်းတို့လိုအပ်ချက်ကို ထင်ဟပ်ထုတ်လုပ်ရောင်းချခြင်း

(၃) Autonomy and Entrepreneurship - လွတ်လပ်ခွင့်နှင့်စီးပွားရေးသဘောအရ စွန့်စားလုပ်ကိုင်မှု

(၄) Productivity Through People - လူတွေကိုအခြေခံပြီးထုတ်လုပ်မှုစွမ်းရည်ရယူခြင်း (ကုန်ထုတ်လုပ်မှုစွမ်းရည် နဲ့ အရည်အသွေးကောင်းဖို့ လုပ်သားတွေနဲ့ကြီးကြပ်သူတွေက အဓိကကျတယ်လို့ လက်ခံပြီး စက်အားနဲ့ ငွေရင်းနှီးမြှုပ်နှံမှု
ကို အဓိကမထားပေ)

(၅) Hands-on Value-driven - Management by Walking Around ဆိုတဲ့အသုံးအနှုန်းပေါ်ထွက်ရတဲ့ အကြောင်းမှာ McDonald's အပါအ၀င် အချို့ကုမ္ပဏီအကြီးအကဲတွေဟာ အလုပ်ခွင်နဲ့အရောင်းဆိုင်တွေဆီ ပုံမှန်သွားရောက်လေ့လာတဲ့ အလေ့အကျင့်ရှိတာကို ညွှန်းပါတယ်

(၆) Stick to the Knitting - သိုးမွှေးထိုးတတ်ရင် သိုးမွှေးထိုးတာပဲလုပ်ပါလို့ဆိုတာကတော့ မိမိကျွမ်းကျင်ရာကိုသာ လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။Johnson and Johnson နဲ့ Proctor and Gamble တို့ဟာ အဲဒီလို ကုမ္ပဏီမျိုးပါ

(၇) Simple form, Lean Staff - လေ့လာတွေ့ရှိချက် နောက်တစ်ခုကတော့အဲဒီကုမ္ပဏီတွေမှာ Project တွေနဲ့ လုပ်တာမျိုးမရှိဘဲ ရိုးရှင်းပြီး ထိပ်ပိုင်းအုပ်ချုပ်သူလည်း နည်းပါတယ်။ ပုံစံရိုးရိုးနဲ့ ၀န်ထမ်းသိပ်မများ တာကို ဆိုလိုတာပါ

(၈) Simultaneous Loose+Tight Properties - ဗဟိုကနေချုပ်ကိုင်တဲ့ ပုံစံမျိုးရှိသလို လုပ်ပိုင်ခွင့်ကို အောက်ခြေ၀န်ထမ်းတွေနဲ့ ကြီးကြပ်သူတွေမှာပါ ပေးထားပါတယ်။ ဒါပေမယ့် တကယ်အရေးပါတဲ့၊ တန်ဖိုးထားတဲ့ ကိစ္စတွေကျရင်တော့အလျှော့မပေးတတ်ပါဘူး။


CEO Magazine

No comments:

Post a Comment