Wednesday, June 18, 2014

စကားပြောဆိုကြရာဝယ်

******************
စကားပြောဆိုကြရာဝယ်
[Solomon Soe]
******************

တစ်ခါက ဖားအုပ်စုတစ်စုသည် သစ်တောအုပ်တစ်ခု
အတွင်းဖြတ်သန်းရင်း ၄င်းတို့အုပ်စုထဲမှ ဖား၂ ကောင်သည်
တွင်းနက်ထဲသို့ မထင်မှတ်ပဲကျသွားသည်။သို့နှင့်ကျန်သော
ဖားများအားလုံး ၄င်းတွင်းနက်အနားတွင်စုရုံးလာခဲ့ကြသည်။
၎င်းတွင်းသည် အလွန်တရာနက်သည် ကိုကျန်သော
ဖားများကတွေ့ မြင်သောအခါ...
၎င်းတွင်းထဲသို့ ကျသွားသောဖား၂ ကောင်းအား
ကျန်သောဖားများကသေတာပဲကောင်းပါတယ်လို့ 
မှတ်ချက်ချပြောဆိုနေပါသည်။ သို့သော် ၄င်းဖား၂ကောင်သည်
၎င်းတို့ မှတ်ချက်ချပြောကြားချက်ကိုဂရုမစိုက်ပဲ
၎င်းတွင်းမှလွတ်မြောက်အောင်တတ်နိုင်သလောက်ကြိုးစားပြီး
ခုန်ကြပါသည်။

ကျန်သောဖားများကလည်းဆက်မခုန်ရန်နှင့်အေးအေးဆေးဆေး
သေကပိုကောင်းကြောင်းတစ်ယောက်တစ်ပေါက်ပြောနေကြသည်။
နောက်ဆုံးတော့ တစ်ကောင်သောဖားသည်
အခြားသောဖားများပြောနေသည်ကိုသတိပြုမိပြီးဆက်မခုန်တော့ပဲ
အရှုံးပေးလိုက်သည်။ထိုသို့  အရှုံးပေးလိုက်သည်နှင့်၎င်းဖားမှာ
လှဲကျပြီးသေဆုံးသွားသည်။  သို့သော်ကျန်သောဖားတစ်
ကောင်မှာ တတ်နိုင်သလောက်ဆက်ပြီးခုန်နေသည်။
၎င်းဖားခုန်နေတာကိုကြည့်ပြီးကျန်သောဖားများကဆက်ပြီး
အနာမခံပဲအေးအေးဆေးဆေးသေရန်ုပြောပြန်သည်။
သို့ နှင့်၎င်းဖားသည်ပိုပင်ကြိုးစားပြီးခုန်နေကာနောက်ဆုံးတွင်
၎င်းတွင်းမှလွတ်မြောက်ခဲ့လေသည်။

စာရှုသူများခင်ဗျား- အမှန်မှာ၎င်းလွတ်မြောက်လာသောဖားသည်
နားမကြားပါ။ ၄င်းအနေဖြင့်အခြားသောဖားများပြောသောအရာကို
ဘာမှမကြားပါ။  ၄င်းထင်သည်မှာအခြားသောဖားများသည်
၎င်းကိုတစ်ချိန်လုံးအားပေးနေသည် ဟု သာထင်ခဲ့ သည်။

ပုံပြင်သည်ကျွန်တော်တို့ ကိုသင်ခန်းစာ ၂ ခုပေးခဲ့ သည်။

၁. လျှာတွင်အသက်ကိုရှင်စေ၊သေစေနိုင်သောစွမ်းအားရှိသည်။
စိတ်ဓာတ်ကျနေသူတစ်ဦးအား အားပေးစကားပြောခြင်းသည်
၎င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင်သည့်အပြင်
၎င်းရင်ဆိုင်နေရသောအခက်အခဲကိုအောင်မြင်ကျော်လွားနိုင်
အောင်ကူညီပေးနိုင်သည်။ထို့ နည်းတူ စိတ်ဓာတ်ကျနေသူတစ်ဦး
အားပြောသည့်အပြုသဘောမဆောင်သောစကား
သည်၎င်းကိုယ်၎င်းသတ်သေရန်ဖြစ်စေနိုင်သည်။
သို့ အတွက်ကြောင့်မိမိပြောသမျှစကားများကိုသတိထား
ဆင်ဆင်ခြင်ခြင်ပြောကြရန်ဖြစ်သည်။


၂။ ဘ၀လမ်းကြောင်းတွင်းသွားရင်းလာရင်း မိမိနှင့်ထိတွေ
့ဆက်ဆံသူများအားအပြုသဘောဆောင်သော
စကားကိုသာပြောပါ။  တစ်ခါတစ်ရံတွင်အပြုသဘောဆောင်
သောစကား၊ အားပေးစကားများသည်
မိမိထင်ထားသည်ထက်ပြီးထိရောက်တတ်သည်ကို
နားမလည်နိုင်အောင်ဖြစ်ရသည်။
သည့်အတွက်ကြောင့်  စဉ်းစားချင့်ချိန်ပြီးမှစကားပြောပါ။
သူ့ အကျိုးကိုယ့်အကျိုး၊ရပ်ရွာအကျိုး၊နိုင်ငံ့အကျိုးကိုဖြစ်စေ
သောစကားကိုပြောနိုင်ကြပါစေ။

No comments:

Post a Comment