*************************************
လူတွေကို အကောင်းဆုံးအကျိုးပေးသည့် အား
[ဒေါက်တာသိန်းလွင်]
*************************************
Ergograph ဟုခေါ်သော ကိရိယာတစ်ခုကို သုံးပြီး ကလေးတွေမှာရှိသော
အင်အားအနိမ့်အမြင့်ကို စိတ်ပညာရှင် ဟင်နရီဂေါဒတ်က လေ့လာခဲ့ပါသည်။
သူ၏တွေ့ရှိချက်များသည် စိတ်ဝင်စားစရာကောင်းလှပါသည်။
ကလေးတွေကို အသိအမှတ်ပြု ချီးကျူးစကားပြောသောအခါ
ကလေးတို့၏ အင်အားအဆင့်သည် ချက်ချင်းမြင့်တက်လာပါသည်။
ကလေးတွေကို ဝေဖန်ပြစ်တင်သောအခါသူတို့၏ ကိုယ်ကာယဆိုင်ရာ
အင်အားတို့သည် ရုတ်တရက်ချည်း ထိုးကျသွားသည်ကို တွေ့ရပါသည်။
ဤတွေ့ရှိချက်ကို သင်ကိုယ်တိုင်လည်း လိုလိုသတိထား တွေ့ထားပြီးဖြစ်မှာပါ။
တစ်စုံတစ်ဦးက သင့်အား အသိအမှတ်ပြုချီးကျူး သောအခါ
သင်၏ အင်အားတွေတက်မလာဘူးလား။ သင့်အား တစ်စုံတစ်ယောက်က
ဝေဖန်ပြစ်တင်သောအခါ စိတ်ဓာတ်အင်အားတွေ ကျမကုန်ဘူးလား။
စကားလုံးတွေမှာ အားအပြည့်ရှိကြပါသည်။
လူတွေနှင့် ပထမဆုံးတွေ့ဆုံသောအချိန်တွင် သူတို့၏ အားသာချက်တွေကို
စဉ်ဆက်မပြတ်ထောက်ခံအတည်ပြုပြောပေးမည်ဆိုလျှင် သင်သည်
ဘယ်လိုပတ်ဝန်းကျင်မျိုးကို ဖန်တီးပေးရာရောက်မည်ဟု ယူဆပါသလဲ။
သင်သည်လူအများကိုသာ တိုက်တွန်းအားပေးခြင်း မဟုတ်ပါ။
သူတို့၏ စိတ်ဓာတ်အင်အား၊ ကိုယ်ခန္ဓာအားတွေကို မြင့်တက်အောင်
ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါသည်။ သင်အခန်းထဲဝင်လာလိုက်လျှင်
လူတွေကြည်နူးသွား ကြပါလိမ့်မည်။ လူတိုင်း မြတ်နိုးနှစ်သက်သော
ပတ်ဝန်းကျင်ကို တစ်နေ့တာ ဘ၀တွေကို ပျော်ရွှင်လင်းလက် စေနိုင်ပါသည်။
25 Ways to Win with People (John C.Maxwell & Les Parrot)
No comments:
Post a Comment