*****************
ယဉ်ကျေးဖွယ်ရာ အပြုအမူ
[ဆရာချစ်စံဝင်း]
*****************
သင်သည် အမှန်တကယ် ထိပ်တန်းသို့ရောက်လိုပါသလား။
ကျွန်တော် မေတ္တာရပ်ခံလိုသည်မှာ ယဉ်ကျေးသိမ်မွေ့ပါဟု
ဖြစ်ပါ၏။
သင်သည် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား
ဤကိစ္စအားလုံး ယဉ်ကျေးသိမ်မွေ့ရပါမည်။ အဘယ်ကြောင့်
ဆိုသော သင်သည် ထိပ်တန်းသို့ တက်လိုသောသူဖြစ်နေသဖြင့်
မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။ သင်သည် ဖြစ်ချင်သလိုဖြစ်
ဆိုပါက ဘာမှအကြံပေးရန်အကြောင်းကိစ္စ မရှိပါ။
ခေတ်ဟောင်းဆန်သည်ဟု ဆိုချင်ဆိုပါရစေ။
- ကျေးဇူးပြု၍
- ကျေးဇူးတင်ပါတယ်
- ဟုတ်ကဲ့ မေမေ
- ဟုတ်ကဲ့ ခင်ဗျာ
ဟုဆိုသော စကားလုံးများသည် အလွန်တရာမှ အရေးကြီးလှ
ပါသည်။ လူငယ်တစ်ဦး ထိုကဲ့သို့ ပြောဆိုနေသည်ကို
ကြားပါက တယ်လည်း ရည်မွန်တဲ့ လူငယ်ပဲဟု လူတိုင်း
ချီးကျူးကြပါ၏။ သင်သည် အချီးကျူးခံရသော လူငယ်တစ်ဦး
ဖြစ်ပါက ထိပ်တန်းသို့ တက်လှမ်းရန် လှေကားထစ် တစ်ထစ်
နှစ်ထစ်ခန့်ကိုပင် တက်မိပြီဟု ယူဆနိုင်ပါသည်။
ကုမ္ပဏီရှိ လူကြီးပိုင်းပုဂ္ဂိုလ်များနှင့်သော်လည်းကောင်း၊
သင့်အထက်အရာရှိနှင့်သော်လည်းကောင်း သို့မဟုတ်
သင်ဆက်ဆံရသူတိုင်းအား ယဉ်ကျေးဖွယ်ရာ စကားအသုံးအနှုန်း
များကို ပြောဆို၍ အလေးထားဆက်ဆံရန် အကြံပေးလိုပါသည်။
ယဉ်ကျေးသော စကားပြောဆိုမှု၊ ယဉ်ကျေးသော အမူအရာများနှင့်
တစ်ပါတည်း လူအများရှေ့တွင် စားသောက်သည့်နည်းကိုလည်း
လေ့ကျင့်သင်ယူထားပါ။
"အောင်မြင်ရန် ၀တ်ဆင်ပါ" (Dress for Success) ဟူသော
အမေရိကန် စာအုပ်တစ်အုပ်ရှိပါသည်။ ထိုစာအုပ်ကို ရေးသားသူ
ဂျွန်မိုလီက စီမံခန့်ခွဲရေးအပိုင်းအတွက် အလုပ်လျှောက်ထားသူ
၃၀ ရာခိုင်နှုန်းသည် အလုပ်အတွက် ပြည့်ဝသောထောက်ခံချက်
များပါရှိပါလျက် ယဉ်ကျေးဖွယ်ရာသော အစားအသောက်၊
အပြောအဆို၊ အမူအကျင့်များ မရှိ၍ အလုပ်မရကြဘဲ ရှိကြသည်ဟု
ဆိုပါ၏။
ယဉ်ကျေးဖွယ်ရာ အမူအကျင့်တို့သည် ထိပ်ပိုင်းသို့ ရောက်ရှိရေး
အတွက်သော်လည်းကောင်း၊ ထိပ်ပိုင်း၌ဆက်၍ နေရေးအတွက်
သော်လည်းကောင်း၊ အလွန်မှအရေးပါလှပါသည်။
No comments:
Post a Comment