IBM ဟာ Watson အမည်ရှိအင်တာနက်အချက်အလက်စုဆောင်းရေး
Cloud Computing စနစ်ကို ကိုယ်ပိုင်လုပ်ငန်းခွဲအဖြစ် နယူးယောက်မြို့
တစ်နေရာမှာ ဖွင့်လှစ်သွားဖို့ ဒေါ်လာတစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ
မယ်လို့ ကြေငြာလိုက်ပါတယ်။ Watson ဟာ ခွဲခြမ်းစိပ်ဖြာနိုင်စွမ်း
ကြီးမားတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုကနေ ဘဏ်လုပ်ငန်းတွေ
အထိ နယ်ပယ်တွေမှာ လက်ရှိအသုံးပြုလျက်ရှိပါတယ်။
IBM ရဲ့ CEO ဖြစ်သူ Ginni Rometty က Watson ဟာကွန်ပျူတာအများ
စုမှာပါဝင်တဲ့ Program တွေနဲ့မတူတဲ့အတွက် ထူးခြားမှုတွေရှိပါတယ်။
ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကိုပဲ အားကိုးနေမယ့်အစား
သတင်းအချက်အလက်အမြောက်အများကို ဖတ်ရှုပြီး ယခင်လုပ်ဆောင်
ချက်ရလာဒ်တွေနဲ့ပေါင်းစပ်ပြီးမှ ပြဿနာတွေကို အဖြေရှာပေးတာ
ဖြစ်ပါတယ်။ အချက်အလက်အများကြီး စုဆောင်းရတဲ့ လုပ်ငန်းနယ်ပယ်
တွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်လို့ပြောပါတယ်။
Watson နည်းပညာကို ပထမဆုံးအသုံးပြုတဲ့ နယ်ပယ်ဟာကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းဖြစ်ပြီး ကင်ဆာရောဂါကုသရာမှာအချက်အလက်
အမြောက်အမြားကို ဆရာဝန်တွေက ကိုင်တွယ်ဖြေရှင်းနိုင်အောင်
ကူညီပေးပါတယ်။လက်လီအရောင်းဆိုင်နဲ့ခရီးသွားလုပ်ငန်းနယ်ပယ်တွေ
ကလည်း Watson နည်းပညာကို အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။
CEO Magazine
No comments:
Post a Comment