Monday, April 21, 2014

ဥပဒေသတွေ ပြောင်းကုန်ပြီ

********************
ဥပဒေသတွေ ပြောင်းကုန်ပြီ
[ညီညီနိုင်]
********************

စက်မှုခေတ်ရဲ့ဥပဒေသက ကျောင်းသွား၊ ပညာသင်၊ ဘွဲ့ကောင်း
ကောင်းယူ၊ အကျိုးအမြတ်နှင့်အာမခံချက်ရှိတဲ့ အလုပ်ရှာ၊ အဲဒီအလုပ်
မှာ တစ်သက်လုံးလုပ်။ နောက်အနှစ် ၂၀ အကြာ၊ ဒါမှမဟုတ် အငြိမ်း
စားယူတဲ့အချိန်မှာ ကုမ္ပဏီ သို့မဟုတ် အစိုးရက နောက်ပိုင်းမှာ
တာဝန်ယူစောင့်ရှောက်ပေးလိမ့်မယ်။

အခု နည်းပညာခေတ်မှာတော့ ဥပဒေသက ပြောင်းသွားပါပြီ။ ကျောင်း
သွား၊ ပညာသင်၊ ဘွဲ့ကောင်းကောင်းယူ၊ အလုပ်တစ်ခုရှာ၊ အဲဒီအလုပ်
က မွမ်းမံလေ့ကျင့်ပြီးတော့ နောက်ကုမ္ပဏီအသစ်ထပ်ရှာ၊ အလုပ်
အသစ်လုပ်၊ မွမ်းမံလေ့ကျင့် နောက် ၆၅နှစ်ကျော်တဲ့အထိ အလုပ်
အသစ်လုပ်၊ ငွေပိုငွေလျှံလေးတွေစုဖို့ မျှော်လင့်ဆုတောင်း။ ဒါမှလည်း
၇၀ ပိုင်းမှာ ကောင်းကောင်းမွန်မွန်နေရမှာ။

စက်မှုခေတ်က ကိုင်စွဲတဲ့သီအိုရီကတော့ အိုင်းစတိန်းရဲ့ E =MC^2
ဖြစ်ပါတယ်။

နည်းပညာခေတ်မှာကတော့ မိုးရ်ရဲ့ဥပဒေသပါ။ ၁၈ လကြာတိုင်း
မိမိရဲ့အယူအဆတွေထဲမှာ နည်းပညာသစ်၊ သတင်းအသစ်တွေကို
၂ ဆပေါင်းထည့်တဲ့ နည်းပါ။ ပြောင်းလဲမှုကို အလျင်မီအောင်လိုက်ပြီး
၁၈ လကြာတိုင်း ပညာဗဟုသုတတွေကို သဘောတရားပါ ထပ်ပြီး
လေ့လာဆည်းပူးဖို့ လိုတယ်ဆိုတာပဲ ဖြစ်ပါတယ်။

စက်မှုခေတ်မှာ အပြောင်းအလဲကနှေးပါတယ်။ ကျောင်းသင်ပညာနှင့်
တစ်သက်စာ လုံလောက်ပါတယ်။

သတင်းနှင့်နည်းပညာခေတ်မှာ ကိုယ်သိထားတာသမျှဟာ အချိန်တို
လေးအတွင်းမှာ တကယ့်ကို လျင်မြန်စွာ ခေတ်နောက်ကျသွားပြီး
အရေးကြီးတယ်လို့ သင်ကြားထားတာတွေဟာ မြန်မြန်ထက်ထက်နှင့်
ပြောင်းလဲသွားရာက အရေးမကြီးတော့တဲ့ အဖြစ်နှင့် နည်းပညာအသစ်
အတွက် မှီငြမ်းပြုစရာအနေနှင့်သာ ကျန်ခဲ့တာမျိုး ကြုံရပါလိမ့်မည်။


No comments:

Post a Comment