Thursday, April 10, 2014

News

ပြီးခဲ့တဲ့နှစ်အတွင်းမှာ သုံးစွဲသူတွေဟာ Apple ရဲ့ App Store မှာ
Minecraft ၊ Angry Birds ၊ Star Wars နဲ့ Sleep Cycle တို့လို App
တွေအတွက် အမေရိကန်ဒေါ်လာ ဆယ်ဘီလီယံ သုံးစွဲခဲ့ကြတယ်လို့
Apple က ဆိုပါတယ်။ ဒီဇင်ဘာလကတော့ ဖောက်သည်တွေက
App Store မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံသုံးစွဲခဲ့ကြတဲ့အတွက်
Apple ရဲ့ App Store သမိုင်းမှာ အအောင်မြင်ဆုံး လဖြစ်ခဲ့ပါတယ်။

Apple ရဲ့ App Store မှာ iPhone ၊ iPad နဲ့ iPod Touch တို့အတွက်
App ပေါင်းတစ်သန်းကျော် ရရှိနိုင်ပါတယ်။ ဂိမ်းတွေအပြင် မဂ္ဂဇင်းတွေ၊
ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကျန်းမာရေး တို့နဲ့ ဆိုင်တဲ့ App တွေ
လည်းရနိုင်ပါတယ်။ Apple ဟာ iPhone အတွက် App ပေါင်း
ငါးရထုတ်လုပ်ပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ App Store ကိုစတင်
ဈေးကွက်မိတ်ဆက်ခဲ့တာဖြစ်တယ်။

CEO Magazine

No comments:

Post a Comment