************************
ကုမ္ပဏီလုပ်ငန်းစုလူမှုရေးတာဝန်
[ဒေါ်ရီရီမြင့်]
************************
မိမိအဖွဲ့အစည်း၏လူမှုဘ၀တာဝန်ယူမှုကို Corporate Social
Responsibility တစ်နည်းအားဖြင့် CSR ဟူသော အက္ခရာသုံးလုံးဖြင့် ဂုဏ်
သိက္ခာတင်၍ အပြောများလာကြသည်။ ဆွေးနွေးပွဲခေါင်းစဉ်တစ်ခုအဖြစ်
လည်း မကြာခဏ တွေ့လာရသည်။
စီးပွားရေးအဖွဲ့အစည်းများ၏ ဦးတည်ချက်မှာ အကျိုးအမြတ်ရရှိရေးသည်
အဓိကဖြစ်သည်မှန်သော်လည်း ကျင့်ဝတ်သိက္ခာကိုလည်း ထိန်းသိမ်းရန်
လိုအပ်မှုကို ယခုအခါ ထောက်ပြလာကြသည်။ စီးပွားရေးလုပ်ငန်းများမှာ
လူမှုဘ၀တာဝန်ပါရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ မြန်မာပြည်တွင် သမာ
အာဇီဝနှင့် လှူဒါန်းမှုဒါနပြုခြင်းကိုတော့ အများသိထားကြပြီး ပြုလုပ်ကြ
သည်။
CSR ကိုခေတ်၏အမြင်နှင့် အဓိပ္ပာယ်ဖော်မှုမှာကျယ်ပြန့်လာသည်။ အလုပ်
အကိုင်များ ဖန်တီးပေးခြင်းသည် လူမှုဖူလုံရေးတာဝန်ယူခြင်းဖြစ်သကဲ့သို
ကောင်းသော စီမံခန့်ခွဲမှုပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ခေတ်
အမြင်အတွေး၌ ပိုမိုကျယ်ပြန့်သော တာဝန်ယူမှုအနေဖြင့် စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ပါ ပါဝင်လာသည်။
မိမိစီးပွားရေးလုပ်ရပ်များကြောင့် လူမှုဘ၀ဖွံ့ဖြိုးရန်နှင့် အနာဂတ်ကမ္ဘာ
မပျက်စီးရန် တာဝန်ရှိသည့်သဘောပင်ဖြစ်သည်။
စီးပွားရေးကို လူမှုရေးအမြင်မှ သုံးသပ်စိစစ်၍စီးပွားရေးလုပ်ငန်းများလုပ်
ဆောင်ရင်း ဖွံ့ဖြိုးရေးတွင် ပါဝင်အကျိုးပြု၍ လုပ်သားများ၊ လုပ်သားမိသားစု
များ မိမိလူမှုဘ၀ပတ်ဝန်းကျင်ကိုပါ ပိုမိုကောင်းမွန်စေရမည့်တာဝန်ရှိသည်
ဟု ဆိုခြင်းပင်ဖြစ်သည်။ Social Responsibility ကို ကောင်းစွာတာဝန်ယူ
သည့် အဖွဲ့အစည်း၏ နာမည်ကောင်းဂုဏ်ဒြပ်ကို ထိန်းသိမ်းနိုင်ခြင်းမရှိ၍
ဈေးကွက်တွင်ဆုံးရှုံးနိုင်မှု၊ ကုမ္ပဏီရှယ်ယာဈေးများ ကျဆင်းမှုများနှင့်
ရင်ဆိုင်ကြရသော ကုမ္ပဏီကြီးများနှင့် ပက်သက်သည့်သတင်းများလည်း
ကြားသိနေကြရသည်။ ဤသို့ဖြစ်ပေါ်လာနိုင်သောအန္တရာယ်နှင့် ဆုံးရှုံးမှု
ကိုကာကွယ်ရန် စီမံခန့်ခွဲမှု၏ လိုအပ်ချက်တွင်အရေးပါလာသည်။
တာဝန်တစ်ရပ်အဖြစ် ခံယူရန် ဖိအားပေးမှုများ ရှိလာသည်။
CEO Magazine
No comments:
Post a Comment