Thursday, April 17, 2014

ချမ်းသာသောသူသည် ငွေအတွက်အလုပ်မလုပ်ပါ

************************************
ချမ်းသာသောသူသည် ငွေအတွက်အလုပ်မလုပ်ပါ
[ညီသစ်]
************************************

လူတစ်ယောက်ဟာ ကျောင်းတက်တယ်။ ပညာရေးမှာထူးချွန်တယ်။
ဒီတော့ လစာကောင်းတဲ့ အလုပ်ကိုရတယ်။ သူဝင်ငွေကောင်းတာကို ငြင်းလို့
မရဘူး။ ဒါပေမယ့် သူဟာ ကျောင်းမှာ ငွေကြေးနဲ့ ပတ်သက်ပြီး ဘာမှ မသင်
ယူခဲ့ရတဲ့အတွက် သူ့မှာ ငွေကြေးပြဿနာတွေက ရှိနေတုန်းပဲ။ ဒီ့ထက်ပိုပြီး
ဆိုးတာက သူဟာ ငွေကြေးအတွက် အလုပ်လုပ်ရတာကို ယုံကြည်နေတယ်။

မင်းဟာ ငွေကြေးအတွက် အလုပ်လုပ်ရတာကို သင်ယူချင်ရင်တော့
ကျောင်းပညာပဲ ထူးချွန်အောင် လုပ်ပေတော့။ ကျောင်းဟာ အဲဒီလို
အရည်အချင်းမျိုးတွေအတွက် နေရာကောင်းကြီး တစ်ခုပဲ။ ဒါပေမယ့်
ချမ်းသားလာရခြင်းရဲ့ လျှို့ဝှက်ချက်ကို သင်ယူချင်ရင်တော့ ကိုယ်တိုင်က
လိုလိုလားလား သင်ယူချင်မှဖြစ်မယ်။

လူတိုင်းက အဲဒီလျှို့ဝှက်ချက်ကို မသင်ယူချင်ကြတဲ့အကြောင်းက
ငွေအတွက် အလုပ်လုပ်ရတဲ့ ပညာက သင်ရတာ ပိုပြီးလွယ်သူနေလို့ပဲ။
အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်လာရင် အကြောက်တရားက အခြေခံ
စိတ်လှုပ်ရှားမှုဖြစ်နေတဲ့အခါမျိုးတွေမှာပေါ့။

သူတို့တွေဟာ ရှင်းရမယ့် အကြွေးတွေကို မရှင်းနိုင်မှာ ကြောက်
ကြတယ်။ အလုပ်ထုတ်ခံရမှာ ကြောက်ကြတယ်။ ငွေကြေး ပြည့်ပြည့်စုံစုံနဲ့
မနေရမှာ ကြောက်ကြတယ်။ အလုပ်တစ်ခုကို နောက်တစ်ခါ ပြန်ပြီး စရမှာ
ကြောက်ကြတယ်။ အဲဒီအကြောက်တရားတွေက စီးပွားရေးတစ်ခုခု၊
ကုန်သွယ်မှု တစ်ခုခု သင်ယူဖို့ လေ့လာရင်းရခဲ့တဲ့ အကျိုးရလဒ်ပဲ။
နောက်တော့ ငွေကြေးအတွက် အလုပ်လုပ်လာကြရတာပဲ။ လူအများစုဟာ
ငွေကြေးရဲ့ ကျွန်လို ဘ၀မျိုးရောက်နေကြတယ်။ ဒီတော့ သူတို့ရဲ့အလုပ်ရှင်
ကို ဒေါကန်ကြတယ်။

သင်ယူစရာတွေက အများကြီးရှိတယ်။ မင်းအတွက် ငွေက
အလုပ်လုပ်ပေးအောင် သင်ယူဖို့ဆိုတာ တစ်သက်လုံး သင်ယူနေရမယ့်
သင်ခန်းစာတွေပဲ။ လူအများစုကတော့ ကောလိပ်သွားတက်တယ်။
လေးနှစ်စာသင်ပြီးရင် ဘွဲ့တွေရကြတယ်။ ဒါပေမယ့် ငွေကြေးနဲ့ပက်သက်
တဲ့လေ့လာမှုကတော့ တစ်သက်လုံးလေ့လာသင်ယူနေရမယ့် သင်ခန်းစာ
တွေပဲ။ လူအများစုက ဘယ်တော့မှ လေ့လာသင်ယူတဲ့အလုပ်ကို မလုပ်
ကြဘူး။ သူတို့ အလုပ်ဝင်လုပ်တယ်။ လစာငွေကိုထုတ်တယ်။ ရငွေနဲ့
သုံးငွေကို ချိန်ဆတယ်။ ပြီးတော့ ဘာလုပ်ကြလဲဆိုရင် သူတို့မှာ ဘာကြောင့်
ငွေကြေးပြဿနာတွေရှိနေရတာလဲဆိုတာကို စဉ်းစားနေကြတယ်။
သူတို့ရဲ့ ငွေကြေးပြဿနာ အရင်းအမြစ်က သူတို့မှာ ငွေကြေးနဲ့
ပတ်သက်တဲ့ သင်ခန်းစာ ချို့တဲ့ နေတယ်ဆိုတာကို သိတဲ့လူက အင်မတန်
နည်းပါတယ်။

 (ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ)

No comments:

Post a Comment