Google ဟာ ဈေးကွက်တန်ဖိုးအရ ရေနံကုမ္ပဏီကြီး ExxonMobil ကို
ကျော်ပြီး ပြိုင်ဘက်ကုမ္ပဏီ Apple နောက်မှာ ကမ္ဘာ့ဒုတိယတန်ဖိုးအကြီးဆုံး
အမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်။ စတော့အရောင်းအ၀ယ်ဈေးကွက်
နောက်ဆုံးပိတ်ရက်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ Google ရဲ့
ဈေးကွက်ငွေလုံးငွေရင်းက အမေရိကန်ဒေါ်လာ ၃၉၄ ဘီလီယံရှိခဲ့ပြီး
ExxonMobil ရဲ့ဈေးကွက်ငွေလုံးငွေရင်းက အမေရိကန်ဒေါ်လာ ၃၈၈
ဘီလီယံရှိခဲ့ပါတယ်။ Apple ကတော့ အမေရိကန်ဒေါ်လာ ၄၇၂ ဘီလီယံနဲ့
ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်အဖြစ် ဆက်လက်ရပ်တည်
နေပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက် Google ကုမ္ပဏီဟာ အွန်လိုင်းကြော်ငြာ
ဈေးကွက်မှာ ကမ္ဘာ့ဦးဆောင်ကုမ္ပဏီဖြစ်ပြီး Google ရဲ့ Andriod OS ဟာ
စမတ်ဖုန်းနယ်ပယ်ကို လွှမ်းမိုးလာနေသလို Tablet ဈေးကွက်မှာလည်း
နေရာရနေပါတယ်။
CEO Magazine
No comments:
Post a Comment