Tuesday, April 22, 2014

Satya Nadella

Microsoft တည်ထောင်သူ Bill Gates ဟာ နည်းပညာအကြံပေးအဖြစ်
ပါဝင်ဖို့အတွက် Microsoft ရဲ့ Chairman ရာထူးကနေ နုတ်ထွက်ပြီး
ယခု Satya Nadella ကို CEO အဖြစ် ခန့်အပ်လိုက်ပါတယ်။ Bill Gates
ဟာ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့မှာ တည်ထောင်သူနဲ့ နည်းပညာအကြံပေး
အဖြစ် သူရဲ့အခန်းကဏ္ဍအသစ်ကို ပိုပြီးအချိန်ပေးလုပ်ဆောင်သွားမယ်
လို့ သိရပါတယ်။ Microsoft ရဲ့ Cloud နည်းပညာပိုင်းနဲ့ စီမံကိန်းပိုင်း
မှာ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၄၆ နှစ်အရွယ်
Nadella ဟာ Microsoft ရဲ့ တတိယမြောက် CEO ဖြစ်လာခဲ့ပါတယ်။
Nadella ဟာ အင်ဂျင်နီယာစွမ်းရည်ပြည့်ဝသူဖြစ်ပြီး စီးပွားရေးအမြင်
ရှိသလို လူတွေစည်းရုံးနိုင်တဲ့ စွမ်းရည်ရှိသူဖြစ်တယ်။ Microsoft အနေနဲ့
ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ကာလမှာ Nadella ထက်Microsoft
ကိုပိုပြီးကောင်းအောင်ဦးဆောင်နိုင်မယ့်သူမရှိဘူးလို့Gatesကဆိုပါတယ်။

CEO Magazine

No comments:

Post a Comment