Wednesday, April 16, 2014

Mark Zuckerberg

၂၀၁၃ ခုနှစ်မှာ အလှူအတန်းရက်ရောခဲ့ကြတဲ့ ချမ်းသာသူတွေထဲမှာ
Facebook ရဲ့ CEO Mark Zuckerberg နဲ့ ဇနီးဖြစ်သူတို့က
အမေရိကန်ဒေါ်လာ ၉၉၂ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။
ဘီလီယံနာ Zuckerberg နဲ့ သူရဲ့ဇနီးတို့ဟာ Facebook ရဲ့ရှယ်ယာ
၁၈ သန်းကို Silicon Valley Community Foundation ကိုလှူဒါန်းခဲ့
တာဖြစ်တယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ အမေရိကန်ဒေါ်လာသန်း ၆၀
ကအများဆုံး လှူဒါန်းမှုပမာဏဖြစ်ခဲ့ပါတယ်။ အခုလို လှူဒါန်းမှုပမာဏ
တိုးလာတဲ့ အကြောင်းရင်းဟာ စတော့ရှယ်ယာဈေးနှုန်းတွေတက်တာ
ကြောင့်ရယ်၊ လူတွေက စီးပွားရေး ပိုကောင်းလာတယ်ဆိုတဲ့အပေါ်မှာ
ယုံကြည်မှုရှိလာတာကြောင့်ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်ရဲ့ အများဆုံး လှူဒါန်းသူစာရင်းမှာ Nike Inc. ရဲ့ Chairman
Phil Knight နဲ့ ဇနီးက ဒုတိယနေရာမှာ ရှိနေပြီး Oregon Health &
Science University Foundation ကို ကင်ဆာရောဂါ သုတေသန
အတွက် အမေရိကန်ဒေါ်လာသန်း ၅၀၀ လှူဒါန်းဖို့ ကတိပြုခဲ့တာဖြစ်ပါ
တယ်။ အဲဒီစာရင်းမှာ တတိယချိတ်သူကတော့ နယူးယော့ခ်မြို့တောဝန်
Michael Bloomberg ဖြစ်ပြီး John Hopkins တက္ကသိုလ်ကို အမေရိကန်
ဒေါ်လာသန်း ၃၅၀ လှူဒါန်းဖို့ ကတိပြုခဲ့တာဖြစ်ပါတယ်။


CEO Magazine

No comments:

Post a Comment