Saturday, April 19, 2014

Warren Buffett ၏ လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၁)

******************************
Warren Buffett ၏
လုပ်ပိုင်ခွင့်လွှဲပြောင်းခြင်းဗျူဟာ (အပိုင်း-၁)
[ဇော်ဝင်းကြူ]
******************************

စီးပွားရေးလုပ်ငန်းတစ်ခုကိုကိုင်တွယ်ပြီးကြီးထွားအောင်လုပ်ဖို့ဆိုရင်
လုပ်ပိုင်ခွင့်လွှဲပြောင်းပေးတဲ့အတတ်ပညာကို လေ့လာရမယ်ဆိုတာကို
Warren လေ့လာသိရှိခဲ့ပါတယ်။ ဖြစ်သမျှကိစ္စအားလုံးနဲ့ပါဝင်
ပက်သက်တဲ့လူတွေအားလုံးကို ထိန်းချုပ်ဖို့ကြိုးစားတာတွေ၊ လုပ်ရ
မယ့်တာဝန်တွေ၊ လုပ်ငန်းတွေ၊ လုပ်ကွက်တွေကို အသေးအဖွဲအထိ
လိုက်ပြီးစီမံခန့်ခွဲဖို့ကြိုးစားတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့
သဘာဝပါ။

ဒါပေမယ့်များပြားလွန်းတဲ့လုပ်ငန်းတာဝန်တွေ၊ လုပ်ကွက်တွေကို
အသေးအဖွဲအထိ လိုက်ပြီးစီမံခန့်ခွဲတာဟာ ဘောလုံးတွေ
အများကြီးကို လေထဲမှာတစ်ပြိုင်တည်းမြှောက်ပြီးကစားသလိုဖြစ်
သွားလိမ့်မယ်။ ဘောလုံးတစ်လုံးလွတ်ကျတာနဲ့ ကျန်တဲ့ဘောလုံး
တွေအားလုံးကိုလည်း ဖမ်းလို့ရတော့မှာ မဟုတ်ဘူး။ အလုပ်တစ်ခု
တည်းအပေါ်မှာ အာရုံစူးစိုက်ထားပြီးအရည်အချင်းလည်းရှိတဲ့
မန်နေဂျာတစ်ယောက်ကိုတာဝန်လွှဲပေးလိုက်တာဟာ အဲဒီလုပ်ငန်းကို
စေ့စေ့စပ်စပ် ပိုနားလည်တဲ့အတွက် အလုပ်ကိုပိုပြီး သေသေချာချာ
ပြီးမြောက်အောင် လုပ်လိုက်တာပါပဲ။

No comments:

Post a Comment